တာရာကျောင်းပြီးသွားတော့ ညို့နဲ့ တာရာ အတူနေလာခဲ့တာ 3နှစ်နီးပါးရှိပြီ။ တာရာက ဆေးမှတ်မှီ၍ ဆေးကျောင်းတတ်ခွင့်ရခဲ့သည်။ ညို့ကလည်း နယ်ဘက်ကို ပြောင်းဖို့အတွက် အကြောင်းဖန်လာသည်။ တာရာနဲ့ ညို့ခွဲရပေအုန်းမည်။
ညို့နယ်ပြောင်းသွားပြီး သုံးလကြာတော့ တာရာ့ကိုအဆက်အသွယ်ဖြတ်သွားသည်။ ညို့ကို သွားရှာတော့လည်း ရှာမတွေ့ပေ။ တာရာ့ဘဝဟာ ရှင်လျက်နဲ့ ငရဲကျနေသလိုပင်။
တာရာတွေးနေတုန်း အိမ်ရှေ့တွင် ညို့တူမလေးကိုလှမ်းတွေ့လိုက်သည်။
'တာရာ'
'နင်ဒီကိုဘာလာလုပ်တာလည်း'
'တာရာ့ကို ကိန္နရီပြောစရာရှိလို့ပါ'
'အင်း အထဲဝင်ခဲ့လေ'
အထဲရောက်တော့ ထိုကောင်မလေးက ဆိုဖာ တစ်ခုပေါ်တွင်ထိုင်လိုက်သည်။
'ဘာပြောစရာရှိလို့လည်း'
'တီလေး အကြောင်းပါ'
'ညို့...ညို့ ဘာဖြစ်လို့လဲ ငါကိုပြောပြပါ'
'တီလေး ယောက်ျား ယူသွားပြီ'
'ဟင်
နင်...နင် ငါ့ကို လာလိမ်နေတာမလား''တကယ်ပြောတာ မယုံရင် ဒီမှာကြည့်'
ညို့ဘေးနားတွင် အမျိုးသားတစ်ယောက်နှင့် လက်ချင်းတွဲကာရပ်ေနသောပုံကို ပြလာသည်။
'ယုံပြီမလား အခု တီလေးက ယောက်ျားယူသွားပြီဆိုတော့ တာရာ့ကို ကိန္နရီအခွင့်အရေးလေးများ ရမလားဟင်'
'ထွက်သွား...အိမ်ထဲကနေ ခုချက်ချင်းထွက်သွား'
တာရာ သူ့ကိုအော်ထုတ်လိုက်သည်။ သနားဖို့တော့ကောင်းသည် ထိုကောင်မလေးမှာ မျက်ရည်စမ်းတမ်းလေးနှင့် ထွက်သွားသည်။
'ညို့ တကယ်မဖြစ်ရဘူး သူ့မောင့်ကိုလိမ်နေတာ ညို့ဆီလိုက်သွားရမယ်'
တာရာ ကားအမြန်ထုတ်ကာ ညို့ပြောင်းသွားသည်နယ်ဘက်ကို အမြန်မောင်းသွားသည်။
မျက်နှာတစ်ခုလုံးကို မျက်ရည်များရွှဲနေသည်။
ထိုရောက်တော့ တကယ်ဟုတာရာ့ကိုပြောကြားခဲ့သည်။
YOU ARE READING
ညို့
Romance'ညို့ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' တာရာမောင်မောင် 'အို...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ တာရာမောင်မောင် ဒို့ကိုတကယ်ချစ်ရင် မင်...