ရေချိုးပြီးတော့ တာရာညို့ကို ဆန်ပြုတ်တိုက်သည်။ ထို့နောက် ဆေးသောက်ပြီး ကျောင်းသို့ထွက်လာခဲ့သည်။
တာရာက အသက််မပြည့်သေးပင်မဲ့ သင်မောင်းလိုင်စင်ရှိတာကြောင့် ကားကို တာရာကိုယ်တိုင်ဘဲမောင်းသည်။
မိုးကလည်း မရပ်မနား သည်းထန်စွာ ရွာသွန်းနေလေသည်။ ကျောင်းရောက်တော့ တာရာက အရင်ဆင်းပြီး ထီးဖွင့်ကာ ညို့ကို ကျောင်းထဲသို့ခေါ်လာပေးသည်။
ညို့ကို နားနေခန်းထဲတွင် ထားခဲ့ပြီး တာရာက အခန်းထဲဝင်လာသည်။
'ဆူဇီ အစောကြီးဘဲ'
'အေး ဟုတ်တယ် ငါလည်းနိုးနေတာနဲ့ ထလာလိုက်တော့တာ'
'အော်..'
'ငါအမေနဲ့ နေရတာ အဆင်ပြေတယ်ဆိုပေမယ့် အမေက ငါ့အတွက် ပိုက်ဆံချည်းဘဲ ကုန်းရုန်းရှာနေတာ ငါ့ကိုတောင် အချိန်သိပ်မပေးတော့ဘူး'
'အေးပါဟာ ငါလည်းနင့်အတွက်စိတ်မကောင်းပါဘူး'
'ဒါနဲ့ နင်နဲ့ တီချယ် အခြေအနေဘယ်လိုလဲ'
'ကောင်းတယ် ကောင်းတာမှ အတိုင်းထက်အလွန်ဘဲ'
*တာရာရယ် နင်တီချယ့်ကို အဲ့လောက်တောင်ချစ်သလား တီချယ့်အကြောင်းပြောတာများ ပြုံးဖြီးနေတာဘဲ ဒါပေမယ့် နင်တီချယ့်ကို ဘယ်လောက်ဘဲချစ်ချစ် တနေ့နင့်ကို ငါပိုင်လာစေရမယ်*
ဆူဇီစိတ်ထဲမှပြောလိုက်သည်။
'ဆူဇီ ငါ့မျက်နှာမှာ ဘာပေနေလို့လည်း'
'ေဟ..ဘာ..ဘာမှမပေပါဘူး'
'အေး..အေး'
ထိုအချိန် ကျောင်းခေါင်းလောင်းတီးသွား၍ အတန်းထဲကို ညို့ဝင်လာသည်။ ညို့မျက်နှာလေးက အတော်ညိုးကြနေသည်။ ဖြူဖပ်ဖြူရော်လေးနှင့်ပင်။
မိုးကလည်း သည်းထန်စွာရွာနေတာ မရက်နိုင်တော့ပေ။ အလွန်အေးလှသောကြောင့် တာရာကိုယ်တိုင်လည်း အနွေးထည်ဝတ်လာရသည်။
စာသင်ချိန်တွေပြီးသွားလို့ မုန့်စားဆင်းချိန်ရောက်တော့ တာရာက ညို့စီကိုသွားလိုက်သည်။ ဆူဇီက မလိုက်တော့ဘူးဆို၍ တာရာတယောက်တည်းဘဲလာခဲ့လိုက်သည်။
YOU ARE READING
ညို့
Romance'ညို့ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' တာရာမောင်မောင် 'အို...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ တာရာမောင်မောင် ဒို့ကိုတကယ်ချစ်ရင် မင်...