အိမ်ပြန်ရောက်တော့ ည၈နာရီပင်ရှိပြီ။ ဆူဇီကို့ အိမ်ပြန်ပို့ပြီး တာရာနှင့် တီချယ် အပြင်မှာ ညစာစားလိုက်ပြီး ပြန်လာခဲ့ကြသည်။
ရောက်တာနဲ့ တာရာက တန်းပြီးရေချိုးသည်။ စွဲညို့ကတော့ ကုတင်ပေါ်မှာ ထိုင်စောင့်နေရင်း ဖုန်းသုံးနေသည်။
ခဏကြာတော့ တာရာထွက်လာသည်။ ခေါင်းလျှော်ထားသည် ထင်သည် ဆံပင်တွေ စိုရွှဲနေသည်။
'တာရာ ခေါင်းလျှော်ထားတာလား'
'ဟုတ်'
'မိုးချုပ်နေပြီလေ ကလေးရယ် လာဒီနား ရေသုတ်ပေးမယ်'
'ဟုတ်'
တီချယ့်က တာရာ့ဆံပင်များကို ခြောက်အောင်လုပ်ပေးသည်။
'နောက်ခါဆို တီချယ့် ခွင့်ပြုချက်ရမှ လျှော်ရမယ် ကြားလား'
'ဟုတ်ပါပြီ အချစ်ရေ'
'ဟမ် ဘယ်လိုခေါ်လိုက်တာ'
'အချစ်လို့လေ'
'ဟမ် ဘယ်လို'
'အချစ် အချစ် အချစ်'
'ဟား..ချစ်ဖို့ကောင်းလိုက်တာ မောင်က'
'အရင်လိုပြန်ခေါ်တော့မယ်'
'ဟင်'
'တီချယ်လို့ မခေါ်တော့ဘူး ညို့လို့ဘဲခေါ်တော့မယ်'
'သူများတွေရှေ့ရောက်ရင်ရော'
'တီချယ်နဲ့ တာရာပေါ့ နှစ်ယောက်တည်း ရှိနေချိန်ဆို မောင်နဲ့ညို့'
'ဟုတ်ပါပြီတဲ့ရှင်'
'ဟိ" ညို့က ချစ်ဖို့ကောင်းလိုက်တာ'
'ဟုတ်ပါပြီ အခုတော့ စာလုပ်ရမယ်'
'ဟုတ်ကဲ့ပါ'
တာရာကို တီချယ်က eco ကျက်ပုံကျက်နည်းတွေသင်ပေးနေသည်။ တာရာက bioသမားဆိုတော့ ecoကို တစ်စက်ကလေးမှ စိတ်မဝင်စား။ လူမှုရေးသိပ္ပံဘာသာတွင် eco ပါလို့သာ ကျက်နေရသည်။
စွဲညို့ကတော့ သူ့ကို ရှင်းပြလိုက်ရတာ သူက ဘေးနားကနေ အိပ်နေတယ်လေ။ မီးရောင်အောက်မှာ မောင့်မျက်နှာလေးက ပိုပြီးဝင်းနေသည်။ ကပြားလေးဆိုတော့ အသားကလည်း အလွန်ဖြူသည်။
YOU ARE READING
ညို့
Romance'ညို့ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' တာရာမောင်မောင် 'အို...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ တာရာမောင်မောင် ဒို့ကိုတကယ်ချစ်ရင် မင်...