'ဟယ်လို'
'ဟယ်လို တီချယ်'
'ဘယ်သူလည်း မသိဘူး'
'သမီး ဆူဇီကိုပါ'
'တာရာ့ ဖုန်းက သမီးစီကို ဘယ်လို..'
'တာရာ အခုဘားတစ်ခုမှာ တော်တော်လေးမူးပြီးမှောက်နေတယ်'
'ဟင် ဟုတ်လား ဘယ်နားက ဘားလဲ'
'7/8လမ်းဆုံနားက သူသွားနေကြဘားပါ'
'ဟုတ်ပြီ ဟုတ်ပြီ တီချယ် အဲ့ဒီ့ကို ခုလာခဲ့မယ်'
ညို့ကားထုတ်ကာ တာရာစီသို့ အမြန်မောင်းသွားသည်။ ထိုဘားရောက်တော့ ဆူဇီကိုက ဘေးမှာရှိနေသည်။ သို့သော် သူလည်း အတော်မူးနေပုံရသည်။
'တီချယ် ရောက်လာပြီဘဲ ဆူဇီသွားတော့မယ်'
'သမီးက မူးနေတာကို ကားမောင်းမလို့လား'
'ဆူဇီ့အမေလာခေါ်တယ် တီချယ် သွားပြီနော်'
'အော် အေး အေး သမီး'
ညို့လည်း တာရာ့အနားကို သွားလိုက်သည်။ တာရာအတော်မူးနေသည်။ ထိုအချိန် တာရာ့ဘေးတွေထိုင်နေသော အမျိုးသားတစ်ယောက်က ညို့ကိုစကားလာပြောသည်။
'အမက ဒီကညီလေးနဲ့ဘာတော်လဲဗျ'
ဒီမေခွန်းက ညို့ကို အကျပ်ရိုက်စေသည်။
'ဟို...သူ့ သူ့ဆရာမပါ'
'အော် ခုနက သူငို ငိုပြီးပြောနေတဲ့သူထင်တယ်။ အမကို တော်တော်ချစ်ပုံရတယ်ဗျ။အမအကြောင်းတွေငို ငိုပြီး ပြောပြီးတော့ မှောက်သွားတာ ခေါ်လို့တောင်မရတော့ဘူး။ '
'ဟင်
တာရာ...တာရာ...တာရာမောင်မောင် တီချယ်ခေါ်နေတာကြားလား''ညို့...ညို့ မောင့်စီပြန်လာတာလားဟင်'
ညို့ဘာမှပြန်မဖြေမိခဲ့။ တာရာ့ကိုသာ တွဲ၍ ကားပေါ်သို့တင်ဖို့လုပ်သည်။ တာရာ့ခန္ဓာကိုယ်ဟာအတော်လေးကို ပေါ့သည်။ ညို့တစ်ချက်ပွေ့ချီရုံနဲ့တင် ပါလာသည်။
တာရာ့ကိုခေါ်လာတာက ဟုတ်ပါပြီ သူ့ကိုဘယ်ကိုပို့ပေးရမလဲ။ သူ့အိမ်ပြန်ပို့ရအောင်လည်း မေနဲ့ကြာဖြူက ခရီးသွားနေသည်။ အိမ်ပြန်ခေါ်သွားရင် မာမီကြီးတို့က ရှိသေး။ ဘယ်လိုလုပ်ရပါ့မလဲ။
YOU ARE READING
ညို့
Romance'ညို့ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' တာရာမောင်မောင် 'အို...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ တာရာမောင်မောင် ဒို့ကိုတကယ်ချစ်ရင် မင်...