'တာရာမောင်မောင်သေဆုံးသွားပြီဖြစ်တဲ့အတွက် သူ့သေတမ်းစာအတိုင်း ကျနော်ဒီကိုလာခဲ့ရတာပါ'
'တာရာ ဆုံးပြီ...'
'ဟုတ်ပါတယ် ဒါကသူရဲ့သေတမ်းစာပါ'
'ရှင် ဟုတ် အထဲဝင်ထိုင်ပါအုန်းနော် ကျွန်မဖတ်ကြည့်လိုက်ပါ့မယ်'
'ဟုတ်ကဲ့ပါဗျ။'
သေတမ်းစာထဲတွင် ရေးထားသည်မှာ
"- နှလုံးမှ လွဲ၍ ကျနော့်ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို လိုအပ်သူများကို လှူပေးပါရန်။
-နှလုံးကို ဒေါ်စွဲညို့နေရီတစ်ယောက်တည်းကိုသာ ပေးပါရန်။
-ကျနော့်ပိုင်ဆိုင်မှုများ အားလုံးအား ဒေါ်စွဲညို့နေရီစီ ပြောင်းလွှဲပေးပါရန်။
-ကျနော်သေဆုံးသွားသည့်အကြောင်းကို ဒေါ်စွဲညို့နေရီအား နေပြန်ကောင်းမှပြောပြပါရန်။
-ဒေါ်စွဲညို့နေရီအား မငိုရန်နှင့် သူအနားမှာ ကျနော်တစ်သက်လုံးရှိနေမှာဖြစ်ကြောင်း ပြောကြားပေးပါရန်။"
'ဒါဆို အန်တီလေးကို နှလုံးလှူပေးခဲ့တာ တာ..တာရာပေါ့'
'ဟုတ်ပါတယ်ဗျ အခု တာရာေမာင်ေမာင့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးကို လိုအပ်သူတွေထံကို လှူတန်းလိုက်ပါပြီဗျ'
'အာ့ဆို ကျန်ခဲ့တဲ့အပိုင်းတွေကရော'
'သေတမ်းစာထဲမှာ မပါပေမယ့် ကျနော့်ကို သူသီးသန့်ခေါ်ပြောခဲ့ပါတယ် မီးမသဂြိုလ်ဖို့ သူ့ကို မြေဘဲမြှပ်ပေးပါဆိုပြီး'
'အဲ့တာဆို သူ့ကို အခုချက်ချင်း မြေမြှပ်မှာလား'
'ဟုတ်ပါတယ် ဒီနေ့ညနေ၄နာရီပါ'
'ဟုတ် ကျွန်မတို့ဆက်ဆက်လာခဲ့ပါမယ်'
'ကောင်းပါပြီ ကျနော့်ကို သွားခွင့်ပြုပါ'
YOU ARE READING
ညို့
Romance'ညို့ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' တာရာမောင်မောင် 'အို...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ တာရာမောင်မောင် ဒို့ကိုတကယ်ချစ်ရင် မင်...