ရေချိုးပြီးတော့ တာရာလည်း ညို့နဲ့အတူအောက်ဆင်းလာခဲ့သည်။
ဒီနေ့သွားရမည့် မွေးနေ့ပွဲမှာ အလွန်ရှေးကြသော မွေးနေ့ပွဲတစ်ခုပင်။ ဖိတ်စာထဲတွင် မြန်မာဝတ်စုံသာ ဝတ်လာရန်ဟုပါရှိသည်။
တာရာလည်း တစ်သက်နဲ့ တစ်ကိုယ် မွေးနေ့ပွဲကို မြန်မာဝတ်စုံနှင့် တတ်ရတော့မည်။ ညို့ကတော့ ပိတ်ဖောက်ဇာ မီးခိုရောင်လေးနှင့် ထဘီမီးခိုးရောင်လေး ဝတ်ထားသည်။
တာရာလည်း ဆင်တူဝတ်ချင်တာနဲ့ ရှပ်အင်္ကျီလက်ရှည် မီးခိုးရောင်ကိုမှ ပုဆိုးအနက်ရောင်လေးနဲ့ တွဲဝတ်ထားသည်။
တာရာ့မှာ ထဘီသာ မရှိတာ ပုဆိုးကို အရောင်စုံ အဆင်စုံရှိသည်။ တာရာ့မှာ ရှိသော ထဘီမှာ ကျောင်းစိမ်းထဘီသာရှိသည်။
'သွားကြရအောင်'
'ဟုတ်'
တာရာနှင့် ညို့က အနောက်ခန်းမှာ ထိုင်လိုက်သည်။ မေမေနှင့် အန်တီမေက အရှေ့ခန်းမှာ ထိုင်သည်။
တလမ်းလုံး ကားပေါ်မှာ အပ်ကြသံတစ်သံမှ မကြားရ အကုန်တိတ်ဆိတ်နေကြသည်။
ခဏကြာတော့ မေမေက အိမ်အကြီးကြီး တစ်ခုတည်းသို့ မောင်းဝင်သွားသည်။ အိမ်ကြီးမှာ အလွန်ကြီးမား လှသည်။ ခြံကြီးမှာလည်း အလွန်ကျယ်ဝန်းလှသည်။
'ကြီးကြီး သမီးတို့လာပြီ'ညို့မှ အသက်တော်တော်ကြီးပြီဖြစ်တဲ့ အမျိုးသမီးကြီး တစ်ယောက်ကိုပြောလိုက်သည်။
'ငါ့တူမလေးလည်း မတွေ့ရတာတောင် တောာ်တော်ကြာပြီ ငါ့ကို သတိရောရသေးရဲ့လား'
'ရပါတယ် ကြီးကြီးရဲ့'
'ကြီးကြီး နေကောင်းရဲ့လား'မေမေမှ နှုတ်ဆက်လိုက်သည်။
'ဒီလိုပါပဲ ဒေါက်တာရယ် အသက်ကကြီးလာတော့ ကောင်းလိုက် မကောင်းလိုက်ပေါ့...အော် မေလည်း ပါလာတာကို'
'ဟုတ် ကြီးကြီး'
'အယ်..ဒါနဲ့ ဒီကောင်လေးက ဘယ်သူတုန်း'
'အဲ့တာ ကောင်လေးမဟုတ်ဘူး ကြီးကြီးရဲ့ တာရာလေ'
'ကြာဖြူ့သမီးလေးလား'
YOU ARE READING
ညို့
Romance'ညို့ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' တာရာမောင်မောင် 'အို...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ တာရာမောင်မောင် ဒို့ကိုတကယ်ချစ်ရင် မင်...