ညနေကျောင်းဆင်းတော့ တာရာက ညို့နဲ့အတူတူပြန်သည်။ ဆူဇီ့ကို သူ့အိမ်က ကားဖြင့်လာကြိုသည်။
'ဆူဇီကို'
'ရှင် ဒယ်ဒီ'
'ငါခိုင်းထားတဲ့ ကိစ္စ အခြေအနေဘယ်လောက်ရှိပြီလဲ'
'ဒယ်ဒီ ဆူဇီမလုပ်နိုင်တော့ဘူး ဆူဇီ..ဆူဇီ တာရာ့ကိုချစ်မိနေပြီ'
'ဘာ ခွေးမ နင်ဘာစကားပြောလိုက်တာလဲ'
'တာရာ..တာရာကို ချစ်တယ်'
*ဖြန်း*
ဆူဇီ နေရာမှာတင်ပစ်လဲသွားသည်။ ထိုနေရာသို့ ပြာပြာသလဲဝင်လာသူမှာ ဆူဇီ့အမေဖြစ်သူပင်။
'ဟယ်..သမီးလေး သမီးလေး ထပါအုန်း'
'ဆူဇီ အဆင်ပြေပါတယ် မာမီ'
'ဒီမှာ ကိုမိုးမြင့်ကိုကို ရှင်ကျမသမီးကို လက်နဲ့မထိနဲ့ ကျမမကြိုက်ဘူး'
'မင်း မကြိုက်ရင် ထွက်သွားလေ ထွက်သွားလိုက် မင်းငါ့အိမ်က ထွက်သွား...အေး မင်းငါ့အိမ်က ထွက်သွားလို့ကတော့ ငါ့ပိုက်ဆံတစ်ပြားမှလာမထိနဲ့'
'သွားမှာ သွားမှာ ကျမကလည်း ရှင်နဲ့ဆက်မနေနိုင်တော့ဘူး ရှင်ပိုက်ဆံတွေကိုလည်း ကျမတစ်ပြားမှ မလိုချင်ဘူး ရှင်ရဲ့ အတ္တစိတ်တေနဲ့ ကျမဆက်မနေနိုင်တော့ဘူး လာသမီး သွားမယ်'
ဆူဇီ့ကို လက်ဆွဲကာ အိမ်ပေါ်ကဆင်းလာသော ဒေါ်မိုးသူဇာမှာ ဒေါသအလွန်ထွက်နေဟန်ပင်။
__________
'မေမေရေ တာရာပြန်ရောက်ပြီ'
'အေး မေမေ မီးဖိုထဲမှာ ဝင်ခဲ့'
'ဟုတ်'
တာရာက စွဲညို့လက်ကို ဆွဲကာ ကလေးတစ်ယောက်လို အပြုအမူမျိုးဖြင့် မီးဖိုခန်းထဲဝင်သွားသည်။
'ဘာချက်လည်း မေမေ'
'ကြက်သားဆီပြန်'
'အိုး..ရက်စ်'
'အော် တာရာ ညကြရင် စွဲညို့စီမှာ စာသင်ရမယ်နော်'
'ဟင် တာရာ့ကိုလည်း ဘာမှမပြောဘူး'
'နေ့လည်ကမှ ပြောမိလို့ပါ တာရာရဲ့'
တီချယ်က ဝင်ပြောလိုက်သည်။
YOU ARE READING
ညို့
Romance'ညို့ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' တာရာမောင်မောင် 'အို...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ တာရာမောင်မောင် ဒို့ကိုတကယ်ချစ်ရင် မင်...