'စွဲညို့ လမ်းကြရင် ငါတို့ဝင်ခေါ်စရာသူရှိသေးတယ်'
'ဟုတ်လား ဘယ်သူလဲ'
'ဟို ရောက်ရင်တွေ့လိမ့်မယ် surprise'
'ရန်ခုန်နေပါပြီလို့'
'တွေ့ရင် ပိုတောင်ရင်ခုန်အုန်းမယ်'
'ကြာဖြူနော် ဘာတွေပြောနေတာလဲ'
'ဟယ် ဘာမှတောင်မပြောရသေးဘူး သူ့ဟာသူတွေးပြီး ရှက်နေပြီ'
'ဟာကြာဖြူကွာ'
'ဟား..ဟား'
ထိုနောက်ကားပေါ်က ရယ်သံများလည်း တိတ်ဆိတ်သွားပြီး ကားလေးဟာလည်း တရွေ့ရွေ့နှင့်မောင်းနှင်လာကာ သုဝဏ္ဏအားကစားကွင်းထဲကို ဝင်ချလာသည်။
တကယ်ဘဲ ကြာဖြူဘယ်သူ့ကို ခေါ်မလို့ပါလိမ့်။ နာရီကို တချက်ကြည့်လိုက်တော့ အချိန်အားဖြင့် ၆နာရီခွဲ ရှိနေပြီ။ ဟိုက ညနေကားနဲ့ထွက်လာတော့ ဒီကိုရောက်တာ နဲနဲမှောင်တာပေါ့။
စွဲညို့အတွေးလွန်နေတုန်း ကြာဖြူက အဖြူရောင် တစ်ထပ်တိုက်လေး အရှေ့မှာ ကားရပ်လိုက်သည်။ မလှမ်းမကမ်းမှာ ထောင်ထားသည့် ဆိုင်းဘုတ်ကို တစ်ချက်ကြည့်လိုက်တော့ 'မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်'တဲ့။
'ကြာဖြူ ဒီမှာ ဘယ်သူ့ကို ခေါ်မလို့လည်း'
'ပြီးရင်တွေ့မှာပေါ့ စွဲညို့ရာ'
'အေး အေး'
'အော် နင်ဗိုက်ဆာနေမှာပေါ့ ရော့..နင်ကြိုက်တဲ့ chocolate cake'
'သိုင်းကျူးပါ ဟဲ့ cake ကဘယ်နှခုတောင်လဲ'
'နင်တစ်ခု ငါတစ်ခု ပြီးရင် ထွက်လာမယ့်သူအတွက် တစ်ခု'
'အော်'
စွဲညို့လည်း ဗိုက်ဆာနေတာနဲ့ cake ထိုင်စားနေလိုက်သည်။
ခဏကြာတော့ ကားတံခါးဖွင့်ပြီး ကားပေါ်တတ်လာတဲ့ ကလေးတစ်ယောက်။ ကလေးလို့ပြောရမလား အရွယ်ကတော့ ၁၅ ၁၆လောက်ရှိပြီထင်သည်။ တိုက်ကွမ်ဒိုဝတ်စုံ လေးနှင့်ပင်။
အသားဖြူဖြူ အရပ်ရှည်ရှည် အညိုရောင် ဆံပင်ကောက်ကောက်ကွေးကွေးလေးတွေနှင့် မျက်ဆံမှာ အပြာရောင်လေးနှင့်ပင်။
YOU ARE READING
ညို့
Romantizm'ညို့ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' တာရာမောင်မောင် 'အို...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ တာရာမောင်မောင် ဒို့ကိုတကယ်ချစ်ရင် မင်...