'ညို့ မောင်တို့ ဘယ်သွားကြမလဲ'
'ဘုရားသွားကြမယ်လေ မောင် စွဲညို့လည်းမရောက်တာကြာပြီဆိုတော့'
'ဘယ်ဘုရားသွားမလဲ'
'ဗိုလ်တစ်ထောင်နဲ့ ရွှေတိဂုံ'
'အိုကေပါ ခဏနော် မောင်အဝတ်သွားလဲလိုက်အုန်းမယ်'
'အင်း'
မောင်အပေါ်တတ်ပြီး အင်္ကျီသွားလဲနေတော့ စွဲညို့လည်း ဧည့်ခန်းထဲမှာ ထိုင်စောင့်နေလိုက်သည်။
ခဏကြာတော့မောင်က ပန်းရောင်ရှပ်အင်္ကျီနဲ့ အနီရောင်ပုဆိုးလေးကိုဝတ်ပြီး ဆင်းလာသည်။ အသားဖြူလွန်းသည့်မောင်မှာ ထိုဝတ်စုံလေးနှင့် အလွန်ပင် လိုက်ဖက်နေသည်။
'မောင် ဘာလို့ပုဆိုးဝတ်လာတာလဲ'
'ဘာလို့လဲ မောင်နဲ့မလိုက်ဘူးလား'
'လိုက်ပါတယ် ဒါပေမယ့် မောင်က မိန်းကလေးလေ'
'မောင့်မှာမှ ထဘီ မရှိတာ'
'ပြောမနေနဲ့ စွဲညို့ရေ ပြောလည်းရမှာ မဟုတ်ဘူး'
'အေးပါ မပြောတော့ဘူး အာ့ဆိုလည်း ခဏစောင့် အဝတ်သွားလညး်အုန်းမယ်'
'လဲအုန်းမလို့လား ဒီတိုင်းလေးလည်း လှတာဘဲကို'
'အဟောင်းကြီးနဲ့လေ ခဏဘဲစောင့်ပါ အမတော်လေးရယ်'
'ဟုတ်ပါပြီဗျ'
တာရာလည်း ဧည့်ခန်းထဲမှာ TV ကြည့်နေလိုက်တယ်။ ခဏကြာတော့ ညို့ဆင်းလာသည်။
ညို့က အနီရောင် ဝမ်းဆက်လေးဝတ်လာတာ သိပ်လှတာဘဲ။ ညို့ရဲ့ ဒီပုံလေးကို တာရာ့ရင်ထဲမှာတော့ စွဲသွားပြီ။
'မောင် သွားမယ်လေလာ'
'ဟင်..ဟုတ်'
ညို့ဘဲ ကားမောင်းလိုက်သည်။ မောင်က အသက်မှမပြည့်သေးဘဲ ကားမောင်းလို့ ဘယ်ရအုန်းမလဲ။
'မောင် ညို့တို့ ဘယ်ကို အရင်သွားကြမလဲ'
'အင်း အခုမောင်တို့က သင်္ဃန်းကျွန်းကနေဆိုတော့ ဗိုလ်တစ်ထောင်ဘုရားအရင်သွားကြမလား'
'အင်း ကောင်းတာဘဲ ပြီးမှ ရွှေတိဂုံဘုရားသွားကြတာပေါ့'
'ဟုတ်'
YOU ARE READING
ညို့
Romance'ညို့ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' တာရာမောင်မောင် 'အို...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ တာရာမောင်မောင် ဒို့ကိုတကယ်ချစ်ရင် မင်...