တာရာနဲ့ ညို့တွဲလာတာ အခုဆိုရင် ၇လရှိပြီ။ နောက်နှစ်ရက်နေရင် မောင့် မွေးနေ့လည်းရောက်တော့မည်။
ဒီနေ့ မာမီကြီးတို့က ခေါ်လို့ ညို့လည်းမာမီကြီးတို့အိမ်ကိုလာခဲ့သည်။ မောင်ကလည်း သင်တန်းသွားတာကြောင့် မခေါ်လာမိ။
'စွဲညို့ ဒီမှာလာထိုင်'
မာမီကြီး၏ အသံမှာ မာကြောနေလေသည်။
'ဟုတ်'
'စွဲညို့နေရီ'
'ဟုတ် မာမီကြီး'
'နင် မိန်းမချင်းကြိုက်နေတယ်ဆို'
'ရှင်..မာမီကြီးက ဘယ်လို..'
'ငါ့ဟာငါ ဘယ်လိုသိသိ နင့်သူငယ်ချင်းက သူ့မိဘတွေသဘောတူလို့ မိန်းမချင်းယူတာ နင့်ကိုတော့ ငါတို့လုံးဝသဘောမတူနိုင်ဘူး နင်သဘက်ခါကြရင် မောင်နေမျိုးမင်းမြတ်နဲ့ ယူရမယ်'
'ရှင်..စွဲညို့ သူနဲ့လုံးဝမယူနိုင်ဘူး'
'နင်က ငါ့စကားကိုလွန်ဆန်နေတာလား ဟင် ပြီးတော့ နင်ကြိုက်နေတဲ့ သူက နင့်သူငယ်ချင်းရဲ့ သမီးဆိုတာရော နင်သိသေးရဲ့လား သူ့မှာဘဝတတ်လမ်းတွေ အများကြီးရှိသေးတယ် နင်က ပန်းကောင်းကို အညွန့်ချိုးချင်နေတာလား'
'...'
စွဲညို့ ဘာမှပြန်မပြောမိပါ။ မာမီကြီးပြောတာလည်း မှန်နေတာဘဲလေ။
'ဟုတ် သမီး သူနဲ့ယူပါ့မယ်'
'ဒီလို လိမ္မာစမ်းပါ သမီးရယ် ရော့ ဒီမှာ ဖိတ်စာ တာရာ့ကိုရော ကြာဖြူတို့ကိုပါဖိတ်ခဲ့'
'ရှင်..ဖိတ်..ဖိတ်စာတွေတောင်လုပ်ပြီးပြီလား'
'အင်း အမြန်ဆုံး စီစဥ်လိုက်ရလို့ပါ ပြီးတော့ မနက်ဖြန်ကြရင် ဒီကိုပြန်လာခဲတော့'
'ဟုတ်..ဟုတ်ကဲ့ပါ မာမီကြီး'
စွဲညို့လည်း ဘာမှ မတတ်နိုင်ဘဲ ဖိတ်စာလေးယူကာ ပြန်လာခဲ့သည်။
'ညို့'
'အင်း'
'မျက်နှာလည်းမကောင်းပါလား နေမကောင်းလို့လား'
'ကောင်းပါတယ် မောင်'
မောင်မျက်နှာကိုကြည့်ပြီး ညို့ထိုစပါးများကို ပြောမထွက်ပါ။ ပြီးတော့ ဟို နေမျိုးမင်းမြတ်ဆိုတဲ့ သူကိုလည်း ညို့အရမ်းမုန်းသည်။ တစ်ချိန်တုန်းက ညို့ရင်ကို အစိတ်စိတ်ကွဲကြေအောင်လုပ်ခဲ့သူတစ်ဦး။
YOU ARE READING
ညို့
Romance'ညို့ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' တာရာမောင်မောင် 'အို...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ တာရာမောင်မောင် ဒို့ကိုတကယ်ချစ်ရင် မင်...