အပိုင်း(၃)(unicode)

1K 92 0
                                    

အပိုင်း(၃)

"ကျွန်တော်ပြန်ရောက်ပါပြီ"

"ဒီနေ့တစ်နေ့လုံး ဘယ်သွားနေတာလဲ ဖုန်းလည်းမဆက်ဘူး"

"ဖုန်း ဘတ္ထရီ ကုန်သွားလို့ "

"ဒီမှာ မင်းအတွက်ထမင်းပြင်ထားပေးမယ် ရေချိုးပြီးစားလိုက်ဦး"

"hyung "
ထမင်းပြင်ဖို့မတ်တပ်ရပ်လိုက်ပြီဖြစ်တဲ့ကျွန်တော်က သူ့ခေါ်သံကြောင့်လှည့်ကြည့်လိုက်မိတယ်၊၊

"မပြင်နဲ့တော့မစားတော့ဘူး ကျွန်တော်စားလာပြီးပြီ"

"ဟင်"
ဒီတဒင်္ဂလေးအတွင်းမှာ ကျွန်တော့်ခေါင်းထဲအချက်ပေးသံပေါင်းများစွာမြည်ဟည်းလာခဲ့တယ်။သူက ဒီငါးနှစ်အတွင်းမှာ ပထမဆုံးအပြင်ကစားလာခဲ့တာဘဲ ။

"မင်း ဒီနေ့ သွားကြိုတဲ့ သူငယ်ချင်းနဲ့အတူတူလား"

"အွန် ပြီးတော့ မနက်ဖြန်လည်းကျွန်တော်မစားဖြစ်လောက်ဘူး ကျွန်တော့်အတွက်မချက်နဲ့တော့၊"

"အေးပါ သိပါပြီ ၊ မင်းသူငယ်ချင်းက ဘယ်ကလဲ ဒီကိုဘာလာလုပ်တာတဲ့လဲ"

"hyung ကျွန်တော်ဒီနေ့ပင်ပန်းနေလို့ အဲ့ဒီအကြောင်းတွေနောက်မှပြောကြမလား ကျွန်တော်နားချင်နေပြီး''

"ဟင် ဟမ် အေ အေ သွား သွားနားတော့လေ"
ကျွန်တော်ထပ်ပြီးဆွံ့အရပြန်ပါတယ်၊သူလည်းသူ့အခန်းထဲဝင်သွားတော့ ကျွန်တော်လည်းကိုယ့်အခန်းထဲကိုဝင်ပြီး ခုတင်ပေါ်မှာထိုင်ချလိုက်မိတယ်။ဒီနေ့ ဒီနေ့ ထူးဆန်းတာတွေများလွန်းလို့ ကျွန်တော်လိုက်မမှီခဲ့ဘူး ကျွန်တော့်ရဲ့ဥာဏ်ရည်နဲ့ ဘယ်လိုမှ လိုက်မမှီခဲ့ဘူး။
ဘယ်ကစပြီးမှားသွားတာလဲမသိပေမယ့် တစ်ခုခုတော့လွဲနေတာသေချာတယ်။

________________________________
hanbin POV
ဒီနေ့ ကျွန်တော် အောက်ထပ်ကိုဆင်းတော့ အဒေါ်ကြီးနှစ်ယောက်စကားပြောနေကျတာ နားစွန်နားဖျားကြားခဲ့ရတယ်

Flash back
"ဟေ့ ဟေ့ အရှေ့ကကောင်လေးကိုတွေ့လား "

"အခန်း၈က ကောင်လေးလားဘာလို့လဲ "

"ဒီနားကိုလာ အဲ့ကောင်လေးနဲ့ဟိုတရုတ်ကောင်လေးနဲ့က လက်ထပ်ထားကြတယ်နဲ့တူတယ်"

"ဟုတ်တယ်!မဖြစ်နိုင်ပါဘူးဟယ် နှစ်ယောက်လုံးကချောချောလေးတွေ"

"အဲ့တာကြောင့်ပေါ့ ဟိုကောင်လေးဆိုမနက် မနက်ဆိုဈေးသွားပြီး
ချက်ပြုတ် လျှော်ဖွပ် အိမ်သန့်ရှင်းရေးလည်း သူဘဲလုပ်တာ
အိမ်ရှင်မလေးအတိုင်းဘဲ အဲ့ဒါအခုမှလုပ်တာမဟုတ်ဘူး ငါးနှစ်လောက်ရှိနေပြီး သူတို့ဒီကိုစပြောင်းလာကတည်းကပေါ့ နင်စဥ်းစားကြည့်လေ မထူးဆန်းဘူးလား ယောက်ျားလေးနှစ်ယောက်ဒီလောက်နှစ်တွေအကြာကြီး တူတူနေလာတာဘာမှမဟုတ်ကြဘူးဆိုတာဖြစ်နိုင်လို့လား"

"ဟုတ်ပါ့ နင်ပြောမှဘဲ ငါတွေးကြည့်မိတယ် မနက်တိုင်းကျောင်းအတူတူသွားကြတယ်မဟုတ်လား တစ်ယောက်ကိုတစ်ယောက်ကြည့်တာလဲ အချစ်ရည်ရွှမ်းနေတဲ့မျက်လုံးတွေနဲ့"

"အဲ့ဒါပြောတာပေါ့ အခုခေတ်လူငယ်တွေများ ခေါင်းထဲဘာတွေရှိနေမှန်းမသိပါဘူးဟယ် မဖြစ်သင့်တာတွေ"

"ဒီမှာ အဒေါ်ကြီးတို့ ခုနကပြောနေတာ ကျွန်တော်နဲ့ကျွန်တော်သူငယ်ချင်းအကြောင်းထင်တယ် "
hanbin သူတို့နှစ်ယောက်ရှေ့ပိတ်ရပ်ပြီးမေးလိုက်သည်။

"မဟုတ်ပါဘူးကွယ် အဒေါ်တို့က ဟိုအကြောင်းဒီအကြောင်းလေးပြောနေကြတာပါ မင်းတို့အကြောင်းမဟုတ်ပါဘူး၊ဟုတ်တယ်မလားအီဆွန်း ဟဲဟဲ"

"ဟုတ်လား ကျွန်တော်က အခန်းနံပါတ်ပါမကျန်သေသေချာချာလေးကြားလိုက်သလိုဘဲ"
အဒေါ်ကြီးနှစ်ယောက် သူတို့ပါးစပ်ကိုသူ့တို့လက်ဖြင့်ပိတ်လိုက်ကြသည်။
"ကျွန်တော်တို့ အကြောင်းကို ကျွန်တော်တို့ထက်ပိုပြီးသိနေသလိုဘဲနော် ဒါပေမယ့်သတိထားပါအဲ့ပါးစပ်တွေ နောက်တစ်ခါအဲ့ဒါမျိုးထပ်ကြားရင်နှစ်ယောက်လုံးကို အသရေဖျက်မှုနဲ့တရားစွဲမှာပါ၊
အဲ့တာဆို သွားလိုက်ပါဦးမယ်၊ကောင်းကောင်းမွန်မွန်နေရစ်ခဲ့ပါ"
Flash back end

အဲ့ကိစ္စက hyungနဲ့ဘာမှမဆိုင်တာသိပေမယ့် ကျွန်တော်ရင်ထဲမှာတစ်မျိုးကြီးဘဲ တော်ပါသေးတယ် hyungမပါလို့ hyungကြားသွားရင်စိတ်မကောင်းဖြစ်နေရလိမ့်မယ် ကျွန်တော်ကဘဲ ထိန်းထိန်းသိမ်းသိမ်းနေပေးပါ့မယ် good night hyung မကြားနိုင်ဘူးဆိုတာသိပေမယ့်လည်းပေါ့

ဆက်ရန်

တစ်ဖက်သတ်မဟုတ်သောချစ်ခြင်း(UxZ)completeWhere stories live. Discover now