အပိုင်း(၁၈)zawgyi

266 8 1
                                    

အပိုင်း (၁၈)

ထိုနေ့ကစပြီး Rickyနဲ့ Gunwook စကားမပြောဖြစ်တော့ပါ။

Gunwook က အခုရက်ပိုင်းသူ့ကိုဆက်တိုက်ရှောင်နေသည်။
အခန်းရှေ့မှာမျက်နှာချင်းဆိုင် တွေ့ရင်တောင် တံခါးအမြန်ဖွင့်ပြီး
အထဲဝင်သွားတာမျိုး ၊မဟုတ်ရင် လှည့်ထွက်သွားတာမျိုး
ဓာတ်လှေကားမှာတွေ့ရင်တောင် နောက်အသုတ်မှလိုက်တာမျိုး
ပုံမှန်ဆို တစ်နေ့ကို အနည်းဆုံးသုံးခါလောက် အခန်းတံခါးလာခေါက်ပြီး အခန်းထဲအတင်းတွန်းတိုက်ဝင်လာနေကြသူက
အခုရက်ပိုင်းမလာတော့ တစ်ခုခုလိုနေသလို ၊အေးချမ်းနေတဲ့ဘဝကို လာရှုပ်နေတဲ့သူလို့ခေါင်းစဉ်တပ်ချင်ပေမယ့် သူလာမရှုပ်တော့
မှဘဲ ဘဝက မအေးချမ်းတော့သလိုလို...ဘာတွေမှန်းကိုမသိတော့ပါဘူးကွာ...

"Arr ......ငါ့ရဲ့အေးချမ်းနေတဲ့ဘဝကို ဖျက်ဆီိးတဲ့ Park gunwook !!!!"

"ဒါမှမဟုတ် hao haoပြောသလို သွားချော့လိုက်ရမလား?"

"ချော့ရင် ဘယ်လိုပြောပြီးချော့ရမလဲ ၊ငါမှတစ်ခါမှ ဘယ်သူ့ကိုမှ
မချော့ဖူးတာ "

"အင်တာနက်ကနေရှာကြည့်လိုက်ရမလား လူတစ်ယောက်ကိုစိတ်ဆိုးပြေအောင်ချော့နည်း ဆိုပြီးတော့ "
Rickyက ဖုန်းထုတ်ပြီးချက်ချင်းရိုက်ရှာကြည့်လိုက်တော့ ထွက်လာတာက -
(၁)သူစားခ်င္တာကို ကိုယ္တိုင္ခ်က္ကၽြေးလိုက္ပါ
ငါမှ မချက်တတ်တာကို နံပါတ်၁ ပယ်တယ်

(၂)သူကြိုက်တဲ့ပန်းကို လက်ဆောင်ဝယ်ပြီးပေးလိုက်ပါ
သူဘာပန်းကြိုက်လဲဆိုတာငါမှမသိတာ ပယ်တယ်

(၃)စားသောက်ဆိုင်ကောင်းကောင်းကိုခေါ်သွားပြီး surpriseလုပ်ပါ
ဘာလား အဲ့ဒါ လက်ထပ်ခွင့်တောင်းတဲ့လူတွေလုပ်တာမဟုတ်ဘူးလား ? ပယ်တယ်

(၄) နမ်းပါ ၊ ပြင်သစ်စတိုင်အနမ်းမျိုးကိုသူနဲ့အချိန်အကြာကြီးနမ်းပါ၊အနမ်းဟာ စိတ်ဆိုးပြေဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုပါ ။
ဘာ!!!ရူးနေလား  နံပါတ် ၄ လည်း ပယ်တယ်

(၅)  သူနဲ့ ____လုပ်ပါ
ဘာ!!!!!!!!ဒီအသုံးမကျတဲ့ဟာတွေကတော့ ဒါမတော်လို့ အသက်မပြည့်သေးတဲ့ကလေးတွေဖတ်မိသွားရင် ဘယ်လိုလုပ်မလဲ

တစ်ဖက်သတ်မဟုတ်သောချစ်ခြင်း(UxZ)completeWhere stories live. Discover now