အပိုင်း (၂၁)Unicode

920 66 11
                                    

အပိုင်း (၂၁)(လူဦးရေ၁၈ယောက်ထက်ကျော်မှစုဖတ်ပါ😁)

"ဒီနေ့ ရာသီဥတုကောင်းလိုက်တာ "

"ဘာဖြစ်လို့လဲ ?"

"လမင်းကြီးကိုကြည့်ပါဦး မလှဘူးလား?"

"သွားစရာရှိတာမြန်မြန်သွား ဒီနားနဲ့ ဒီနားကို မရောက်နိုင်တော့ဘူး"

"ကျွန်တော်လေ hyung နဲ့ ဒီလိုလေးအမြဲတမ်းရှိချင်တယ် "

"မင်းက ငါ့ကိုတစ်သက်လုံးကုန်းပိုးထားချင်တယ် အဲ့လိုလား?"
အမယ်လေးငါတော့ ချိနဲ့ကုန်တော့မှာဘဲ"

"hyung အမှန်တကယ်တော့လေ ကျွန်တော် hyungအတွက်ပြောဖို့
ပြင်ဆင်ထားတာရှိတယ် ၊hyungက ကျွန်တော့်ကို စိတ်ဆိုးနေတုန်းလို့ဆိုပေမယ့် မပြောလိုက်ရရင်နောင်တရသွားမှာစိုးလို့"

"ဘာလဲ ငါ့ကို ချစ်တယ်လို့ပြောမလို့လား?"

"ဗျာ!"Rickyရဲ့စကားကြောင့် Gunwookက လန့်သွားပြီး
ကုန်းပိုးထားတဲ့ Rickyကိုတောင်လွှတ်ချမိတော့မလိုဖြစ်သွားသည်။

"ဘာလဲ အဲ့ဒါပြောဖို့ မဟုတ်ဘူးလား? ငါမှားပြောမိတာလား ?
အဲ့ဒါဆိုလည်းထားလိုက်တော့ ငါပဲပြောတော့မယ်
Park gunwook ငါတို့တွဲရအောင် "

"ဗျာ!!!"

"Ya!! မင်းငါ့ကိုငြင်းလိုက်တာလား "

"ဗျာ " "မဟုတ်ပါဘူး ခဏ .....ခဏလေးနေပါဦး ကျွန်တော်တဲဆီကိုမြန်မြန်သွားလိုက်မယ် "
Gunwookက တဲဆီကိုအမြန်ပြေးကာRickyကို ဂရုတစိုက်ချပေးလိုက်သည်။
"hyung ခနလေးနော် ဘာမှမပြောသေးနဲ့ဦး ကျွန်တော် အသက်အရင်ရှူလိုက်ဦးမယ် "
Rickyသည် သူ့ရှေ့တွင် အသက်ရှူသွင်းရှူထုတ်လေ့ကျင့်ခန်းလုပ်နေသော Gunwookကိုသေချာကြည့်နေ၏။

"OK ပြီးပြီ hyung ခုနက ဘာပြောလိုက်တာလဲ "

"မင်းနဲ့ငါဒီလောက်ကပ်နေတာကိုမကြားဘူးလား ဘာလို့ပြန်မေးနေတာလဲ "

"hyung က ...ငါတို့တွဲကြရအောင်လို့ပြောလိုက်တာမလား ၊ဟုတ်တယ်မလား ?"

"အေး ဟုတ်တယ်ဘာဖြစ်လဲ "

"တကယ်နော် "

"တကယ် "ငါနင်နဲ့ အရင်လိုမနေချင်တော့ဘူး ချစ်သူတွေလိုပဲနေချင်တယ်"

တစ်ဖက်သတ်မဟုတ်သောချစ်ခြင်း(UxZ)completeDonde viven las historias. Descúbrelo ahora