အပိုင်းတစ်(unicode)

3.5K 145 5
                                    

အပိုင်း (၁)

လူတွေက တစ်ဖက်သတ်အချစ်ကိုမကြိုက်ကျဘူး ကိုယ်ချစ်တဲ့သူကိုကိုယ့်ကိုပြန်ချစ်စေချင်ကြတယ် ။ဒါကသဘာဝပဲ ဒါပေမယ့်
လူတိုင်းလူတိုင်းမှာ တစ်ဖက်သတ်ကြိုက်ခဲ့ဖူးသူတွေကြီးဘဲ သူတို့ကတစ်ဖက်သတ်အချစ်ကိုအဓိပ္ပါယ်ဖွဲ့ကြတယ် နာကျင်ခြင်းတဲ့
ငါ့အတွက်ကတော့ ပျော်ရွှင်ခြင်းလို့သတ်မှတ်မယ် သူ့ကိုချစ်နေရတာ တကယ်ပျော်တယ်။

'"ဟေ့ hanbin na ဒီမှာမင်းအတွက် လက်ဆောင်တွေ ကောင်မလေးတွေက လမ်းကြုံထည့်ပေးလိုက်တာ'"

"ဟုတ်လား hyungလိုတာပါရင် ယူလိုက်လေ ကျန်တာ ပစ်လိုက်"

"မင်းဘယ်အချိန်ထိ ဒီလိုလုပ်နေမှာလဲ ၊ ငြင်းမယ်ဆိုလည်း အပြတ်ငြင်းပေါ့၊ လက်ဆောင်တွေကျတော့လက်ခံတယ် ပြီးတော့ပစ်လိုက်တယ်၊ ပေးရတဲ့သူတွေပြန်မြင်ရင်စိတ်မကောင်းဖြစ်အောင်လို့၊"

"သူတို့စိတ်မကောင်းဖြစ်မှာစိုးလို့လက်ခံလိုက်တာပေါ့၊မယူဘဲတန်းငြင်းလိုက်ရင်ဒီထက်ပိုပြီးစိတ်မကောင်းဖြစ်ရမှာမလား၊ပြောပါဦးအချစ်လေးရဲ့"

ပြောင်ရင်းနဲ့သူ့လက်က ကျွန်တော့်ပါးညှစ်လိုက်သေးတယ်

"ya ငါ့မျက်နှာကိုမထိနဲ့လို့ပြောထားတယ်မလား၊ပြီးတော့အချစ်လေးလို့လဲမခေါ်နဲ့"

"ဘာလို့လဲ မကြိုက်ဘူးလား အချစ်လေး၊အချစ်လေး၊အချစ်လေး"

"မင်းပါးစပ်ကိုပိတ်ထားလို့ငါပြောနေတယ်နော်"

"မပိတ်တော့ဘာဖြစ်လဲ၊" ပြောပြီး ကျွန်တော့်ကိုလျှာပါထုတ်ပြနေသေးတယ်

"ခန၊ခနလေး hyung ကျွန်တော်ဟိုဘက်တစ်ချက်သွားလိုက်ဦးမယ်၊ပြန်လာရင်hyungအတွက်မုန့်ဝယ်ခဲ့မယ်၊သွားပြီးနော် တာ့ တာ"

ခုနက ဗိသုကာမေဂျာက queen အတန်းရှေ့မှာမတ်တပ်ရပ်နေတာတွေ့လိုက်တယ် ၊သူနဲ့ပါသွားတာဖြစ်မယ် ၊သူကအမြဲတမ်းအဲ့လိုဘဲ ကောင်မလေးတွေပေးတဲ့ပစ္စည်းဆိုဘယ်တော့မှမယူဘူး ဒါပေမယ့်လူကိုတော့တွဲတယ် သုံးရက်လောက်ပေါ့ ဒါပေမယ့်အံ့သြစရာကောင်းတာက တစ်ယောက်မှသူ့ကိုစိတ်မဆိုးကြဘူး ကံကောင်းလို့ဆိုတာတောင်ဖြည့်တွေးပေးလိုက်သေးတယ် ဒါပေမယ့်ပူစရာမလိုဘူး အချိန်တန်ရင်သူကကျွန်တော့်အနားမှာရှိနေတယ် ညအိပ်ရာဝင်တဲ့အချိန်ကနေ မနက်စာစားတဲ့အချိန်ထိသူကျွန်တော်နားမှာအချိန်ပြည့်ရှိတယ်၊ ဟုတ်တယ် ကျွန်တော်တို့က အခန်းတူတူငှားနေနေကြတာ ၂၄နာရီမှာ ၁၄နာရီလောက်ထိသူကျွန်တော့်နားမှာရှိတယ်ဒါကြောင့်ကျွန်တော်သူ့ကိုမိန်းကလေးတွေနဲ့လုံးဝ သဝန်မတိုဘူး

တစ်ဖက်သတ်မဟုတ်သောချစ်ခြင်း(UxZ)completeDonde viven las historias. Descúbrelo ahora