အပိုင်း (၂၄)Unicode

797 85 12
                                    

အပိုင်း (၂၄)
ဒေါက် ဒေါက် ဒေါက်
"Oppa "

"အာရွန်လေး  ဝင်လာခဲ့လေ "

"ရော့ ဒီမှာ oppa မင်္ဂလာဆောင်ဖိတ်စာ ရပြီး အဲ့တာလာပေးတာ "ပြီးရင် မနက်ဖြန်မှာ နှစ်ဖက်မိဘတွေ့ဆုံပွဲရှိတယ် အိမ်မှာပဲလုပ်မှာ
Oppa ဆင်းခဲ့နော် "

"အင်း "

နှစ်ဖက်မိဘတွေ့ဆုံပွဲက မနက်ဖြန်တဲ့လား ?နောက်ဆုံးတော့ဘယ်လိုမှာရှောင်လွှဲလို့မရတာကြီးက ရောက်လာပြီပဲ ....

နောက်တစ်နေ့ရောက်တော့ ..
ဧည့်သည်တွေအိမ်ရောက်လာပြီနဲ့တူတယ် ကားသံတွေညံနေတာကြားရတယ် ။ ဒါပေမယ့် တစ်ယောက်မှကျွန်တော့်ကို ဆင်းလာဖို့မခေါ်ကြဘူး တစ်နာရီလောက်လည်းကြာရော ကားတွေက ပြန်ထွက်သွားကြတယ် ။ ကောင်းသားပဲ ကျွန်တော်လည်းသူတို့ကိုမတွေ့ချင်တာနဲ့အတော်ပဲ ။လာမခေါ်တော့လည်း အားနာပါးနာနဲ့တောင်ဆင်းတွေ့စရာမလိုတော့ဘူးပေါ့။

"Oppa အောက်ထပ်မှာ Oppaနဲ့လက်ထပ်မည့်သူစောင့်နေတယ်
တွေ့ချင်လို့တဲ့ "
အာရွန်လေးလာပြောတဲ့စကားကြောင့်ကျွန်တော်ဒေါသတစ်ချက်ထွက်သွားသည် ။ဘာတဲ့သူ့ကိုဆင်းတွေ့ရမယ် ။အမေတို့တောင်လူကြီးချင်းတွေ့ဆုံနေကြတုန်းကတောင်မခေါ်တာ သူကဘာမို့လို့လဲ

"အားလုံးပြန်သွားကြပြီမဟုတ်လား သူကဘာလို့ကျန်နေတာလဲ
ဆင်းမတွေ့နိုင်ဘူး  တွေ့ချင်ရင် ငါရှိတဲ့နေရာကို ကိုယ့်ဘာကိုယ်လာလို့ပြောလိုက်"

"Oppa မနေ့က ညီမလေးပေးတဲ့ဖိတ်စာကို မဖတ်ရသေးဘူးဟုတ်?"

"အဲ့တော့ ဘာဖြစ်လဲ အမေ့သဘောအတိုင်းမင်္ဂလာဆောင်ပေးမယ်လို့ပြောပြီးပြီပဲ ကျန်တာဘာမှမလုပ်ချင်တာမို့လို့အတင်းမခိုင်းပါနဲ့
ပြီးတော့ အောက်မှာ စောင့်နေတဲ့တစ်ယောက်ကိုပြောလိုက်
တွေ့ချင်ရင် မင်္ဂလာပွဲထိစောင့်လို့ အဲ့နေ့ကျရင်တွေ့ရမယ် "

"အဲ့လိုပြောပြီးတော့ နောက်ပိုင်းကျရင် နောင်တရလိမ့်မယ်နဲ့တူတယ် "
"ဒီထပ်ပိုပြီးနောင်တရစရာဘာမှမရှိဘူး "

"ဟုတ်ကဲ့ သိပါပြီ ၊အော်  ဒါနဲ့ မနက်ဖြန် မင်္ဂလာဝတ်စုံ စမ်းဝတ်ကြည့်ဖို့ရှိတယ် အစ်ကိုတို့တူတူသွားကြမလား "

တစ်ဖက်သတ်မဟုတ်သောချစ်ခြင်း(UxZ)completeOpowieści tętniące życiem. Odkryj je teraz