အပိုင်း (၄)
ဒေါက် ဒေါက် ဒေါက်
zhanghao hanbinရဲ့အခန်းတံခါးကိုအသာလေးခေါက်လိုက်သည်။"hanbin na အိပ်နေတုန်းလား hyungဝင်ခဲ့မယ်နော်"
အခန်းထဲအဝင်တွေ့လိုက်ရတဲ့မြင်ကွင်းက အဝတ်အစားတွေ
တွေထည့်နေတဲ့ hanbinကို"hanbin na အဝတ်တွေကဘာလို့လဲ ခရီးသွားစရာရှိလို့လား"
ထိုအချိန်မှလှည့်ကြည့်လာတဲ့ hanbin ပြီးတော့ပြန်လှည့်သွားပြီး
အဝတ်အစားတွေကိုသာဆက်ထည့်နေခဲ့သည်။တခြားလိုအပ်တာတွေရောပေါ့"Sung hanbin မေးနေတာမကြားဘူးလား ဒါဘယ်လိုအပြုအမူမျိုးလဲလို့"
ထိုအခါမှလှုပ်ရှားမှုတွေကိုရပ်လိုက်ပြီး
"ကျွန်တော် သူငယ်ချင်းနဲ့သွားနေမလို့"
"မနေ့ကသွားကြိုတဲ့သူငယ်ချင်းလား"
"အင်း ဟုတ်တယ်"
"သူက အခုမှကိုးရီးယားကိုပြန်ရောက်တာဆိုတော့ အရာအားလုံးနဲ့စိမ်းနေမှာ သူ့ကိုကူညီဖို့"
"မဟုတ်သေးဘူးလေ သူ့ကိုကူတာမပြောပါဘူး ဒါပေမယ့် အဝတ်တွေပစ္စည်းတွေအထိပါယူသွားဖို့လိုလို့လား သူက ကလေးလား?"
Zhanghao ပြောရင်းနဲ့အသံကအနည်းငယ်ကျယ်သွားသည်။"ဟုတ်တယ် သူက ကလေး ကျွန်တော့်အတွက်တော့ ကလေးဘဲ
အဲ့ဒါကြောင့်သွားမြှဖစ်မယ်"
ပြောရင်းနဲ့ အဝတ်အစားအိတ်ကိုဆွဲကာ အပြင်ထွက်ဟန်ပြင်သည်"Hanbin na ခနလေး"
Zhanghao hanbinရဲ့လက်ကိုဆွဲကာ
" hyung ကိုစိတ်ဆိုး နေတာလား ၊hyungဘာလုပ်မိလို့လဲ ၊hyungတို့တခါတလေစကားများကြတာရှိပေမယ့် ပြန်အဆင်ပြေသွားကြတာဘဲမလား၊စိတ်ဆိုးနေတာရှိရင်ပြောလေ၊ ပြောမြှပင်ပေးလို့ရမှာမလား၊အိမ်ကနေတော့ထွက်မသွားပါနဲ့နော်၊ hyung အရင်ကထက်ပိုကောင်းပေးပါ့မယ်နော်"
ထိုစဉ် hanbinက zhanghaoကိုင်ထားတဲ့သူ့ရဲ့လက်ကိုဖြုတ်ချလိုက်သည်။"hyung ဘာမှမှားတာမရှိပါဘူး၊ကျွန်တော်တစ်ပတ်မဟုတ်ရင်တစ်လလောက်ကြာနိုင်တယ်၊ကိုယ့်ကိုယ်ကိုကျန်းမာအောင်နေပါ
သွားတော့မယ်"ဒီလိုနဲ့ သူနဲ့ကျွန်တော် ရန်ဖြစ်စကားများကြတာလဲမဟုတ် ၊ဘာပြဿနာမှလည်းမရှိဘဲနဲ့ သူကအိမ်ကထွက်သွားတယ် ကျွန်တော်ကတော့မျက်ရည်တွေနဲ့တစ်ယောက်တည်းကျန်ရစ်တယ် ။
YOU ARE READING
တစ်ဖက်သတ်မဟုတ်သောချစ်ခြင်း(UxZ)complete
Fanfictionတခါတလေတော့ လောကကြီးက တရားပါတယ် ကိုယ်တစ်ဖက်သတ်ချစ်နေတဲ့သူက ကိုယ့်ကို ကြိတ်ချစ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ပုံ zhanghao