အပိုင်း (၁၉)zawgyi

226 6 4
                                    

အပိုင်း(၁၉)
Imwangsam တောင်ရဲ့ တောင်ခြေတွင်

"အားလုံးလူစုံကြပြီလား  Gunwook gie ရော မလိုက်ဘူးလား?"
Matthewက မေးလိုက်တော့

"သူလာမှာမဟုတ်ဘူး ငါတို့ဘာသာဘဲ ငါတို့တက်ကြတာပေါ့"
ဟု Rickyက ပြန်ဖြေသည် ။

"သူဘာလို့မလာတာလဲ မင်းမသိဘူးလား တစ်တိုက်တည်းနေပြီးတော့ " zhanghaoက ပြောသည်။

"တစ်တိုက်တည်းနေတာလေ တစ်ခန်းတည်းနေတာမှမဟုတ်တာ "
ပါးစပ်က အဲ့လိုပြောလိုက်ပေမယ့် စိတ်ထဲကတော့
သူ့ကောင်မလေးနဲ့ ဟိုတယ်သွားတာ တစ်ညလုံးပြန်မလာဘူး
အခုချိန်ထိတောင်အိပ်ရာကနိုးဦးမှာမဟုတ်ဘူး

(သူတစ်ညလုံးမအိပ်ဘဲ Gunwookဘယ်ချိန်ပြန်ရောက်မလဲကို
စောင့်ကြည့်နေတာ 😅)

"အားလုံး မင်္ဂလာပါ ကျွန်တော် ကားပိတ်နေလို့ နည်းနည်းနောက်ကျသွားတယ် ဟဲဟဲ"
Gunwookက သူ့ရဲ့နဂိုပုံစံအတိုင်း ပြုံးပြုံးရွှင်ရွှင်နဲ့ပင်အားလုံးကို ကြည့်ပြီး နှုတ်ဆက်လိုက်သည်။

"hyun မတွေ့တာကြာပြီး "Gunwookက Rickyကိုသီးသန့်နှုတ်ဆက်လိုက်သည်။

"ငါ့ကိုမမြင်ချင်ယောင်ဆောင်နေတော့လည်းသူဘဲ အခုကျတော့
လာရောနေပြန်ပြီး စိတ်မနှံ့တဲ့သူတွေအနားမလာနဲ့ ဝေးဝေးသွား"
Rickyက ပါးစပ်ကလည်းပြောရင်း လူကပါအနောက်ကို သုံးလှမ်းလောက်ဆုတ်သွားသည်။

ဒီနေ့hyunက သူ့ကိုဘာပဲပြောပြောသူစိတ်ဆိုးဖို့စိတ်ကူးမရှိပါ။
"hyunအိတ်တွေလေးနေမှာပေါ့ ဒီကိုပေး ကျွန်တော်ကူသယ်ပေးမယ် "

"မလိုဘူး ငါ့ဟာငါသယ်နိုင်တယ် "

အဲ့ဒီအချိန်မှာ Matthewက
"ကဲ အားလုံးပဲ လူစုံကြပြီဆိုတော့ အခုပဲစတက်လိုက်ကြစို့ မဟုတ်ရင် ဆည်းဆာချိန်ကို မကြည့်လိုက်ရမှာစိုးလို့ "

နာရီဝက်လောက်ကြာတော့

"ကိုကို့ကလေးလေး အဆင်ပြေလား ၊ရေသောက်မလား ?"
"ရသေးတယ် hyun ရေသောက်လိုက်ရင် ဗိုက်အင့်သွားမှာစိုးလို့"
"ဒါဆို လက်လေးတော့ကိုင်ထား အမောပြေရအောင် "
"ဟုတ်ကဲ့ပါဗျ "
Kim jiwoong နဲ့ Matthewက ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ချင်းတွဲကာ တက်သွားကြသည်။

တစ်ဖက်သတ်မဟုတ်သောချစ်ခြင်း(UxZ)completeDonde viven las historias. Descúbrelo ahora