အပိုင်း ၁၁
"zhanghao hyung "
"Gunwook ga "
"hyungတို့ shoppingထွက်ကြတာလား"
"အင်း "မင်းရော ဘာလာဝယ်တာလဲ"
"ကျွန်တော်က ဒီလိုဘဲ ဟိုဝယ်ဒီဝယ် ၊ဒါပြီးရင် hyungတို့ ဘယ်သွားမှာလဲ"
"Lotte world "
"Wow !!!တကယ် ...ကျွန်တော်ရောလိုက်လို့မရဘူးလား "
"မရဘူး!!!"
အသံပိုင်ရှင်က Rickyတစ်ချိန်လုံးတိတ်နေတဲ့သူက ရုတ်တရက်ထပြောတော့ အားလုံးရဲ့အကြည့်တွေက သူ့ဆီမှာစုပုံသွား၏။
"Arr Gunwook ga နှုတ်ဆက်လိုက်ဦး ဒါhyungသူငယ်ချင်း
Rickyတဲ့ တရုတ်ပြည်ကလာတာ?"ဝါး..........zhanghao hyung သူငယ်ချင်းဆိုတဲ့သူက
ချော.....လိုက်.......တာ.......
လူတစ်ယောက်က ဒီလောက်ချောနိုင်လို့လား လူမဖြစ်နိုင်ဘူး
ကောင်းကင်ဘုံက ဆင်းသက်လာတဲ့နတ်သားဘဲဖြစ်ရမယ်။
ဒီလောက်ချောမောနေတဲ့လူကို လူလားနတ်လားသိရအောင်ကိုင်ကြည့်လိုက်ရင်ကောင်းမလား။Gunwookရဲ့လက်ကအတွေးထက်မြန်၏။ဦးနှောက်က စဥ်းစားနေရုံသာရှိသေး၏၊လက်က Ricky၏မျက်နှာချောချောကိုပင်
ကိုင်ပြီးနေပြီ ။Gunwook၏အပြုအမူကြောင့် zhanghao ရော၊ hanbin
ပါ မျက်လုံးပြူးကုန်ကြ၏၊၊ မျက်နှာအကိုင်ခံလိုက်ရတဲ့ ကာယကံရှင်ဆို ပြောစရာပင်မလိုတော့......"တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ် တအားချောနေတော့
လူလားနတ်လားသိချင်လို့ကိုင်ကြည့်လိုက်တာ ၊လူဟုတ်နေတာပဲ၊
ဟီး..."Gunwook ပါးစပ်ကသာ တောင်းပန်နေတာ မျက်နှာက ပြုံးဖြီးနေတာပဲ ၊၊
အခုမှစတွေ့ဘူးတဲ့ လူကိုမျက်နှာတန်းကိုင်တဲ့ အရူးမျိုး မတွေ့ဖူး
တာကြောင့် Ricky အချိန်အတော်ကြာအောင်ဆွံ့အနေမိသည်။
လက်ကိုလိမ်ချိုးလိုက်တာ၊ပါးစပ်က ဆဲလိုက်တာဘဲ
ဖြစ်ဖြစ်လုပ်လိုက်ရမှာကို ဘာမှမတုံ့ပြန်မိတဲ့ ကိုယ့်ကိုယ်ကို
တော်တော်ပင်အံ့သြနေမိသည်။မဟုတ်မှလွဲရော သူ့ဝိဥာဥ်များ
အပြင်ထွက်သွားတာလား။စိုးရိမ်ထိတ်လန့်မှုရဲ့အပြင်းထန်ဆုံးအဆင့်ကိုရောက်သွားလို့လေ။
YOU ARE READING
တစ်ဖက်သတ်မဟုတ်သောချစ်ခြင်း(UxZ)complete
Fanfictionတခါတလေတော့ လောကကြီးက တရားပါတယ် ကိုယ်တစ်ဖက်သတ်ချစ်နေတဲ့သူက ကိုယ့်ကို ကြိတ်ချစ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ပုံ zhanghao