အပိုင်း (၂၂)
"မင်းအဆင်ပြေရဲ့လား ?""အင်း အဆင်ပြေတယ် ၊လာ ဒီဘက်တိုး ကျွန်တော်ဖက်ထားပေးမယ် "
ကျွန်တော်က လက်နှစ်ဖက်ဖွင့်ထားပေးလိုက်တော့ hyunက ကျွန်တော့်ရင်ခွင်ထဲတိုးဝင်လာသည် ။"တောင်းပန်ပါတယ် "
"ဟင့်အင်း မဟုတ်တာ မတောင်းပန်ပါနဲ့ hyun အမှားမဟုတ်ပါဘူး ၊နောက်တစ်ခါဆိုရင် ကျွန်တော်စိတ်ကိုထိန်းနေမှာမဟုတ်ဘူး
နော် လွှတ်ပေးလိုက်မှာ ၊အဲ့လိုထပ်မလုပ်နဲ့တော့ "ပြီးတော့ hyun မနက်ဖြန်ကျရင် ကျွန်တော့်မိဘတွေအိမ်ကို သွားရအောင် ""ဟင် "
"ကျွန်တော့်မိဘတွေအိမ်ကိုသွားမယ် မိဘတွေနဲ့မိတ်ဆက်ပေးမယ်
ပြီးတော့ ဒီစာမေးပွဲပြီးတာနဲ့ လက်ထပ်မယ် ""ရုတ်တရက်ကြီး?"
"အင်း ရုတ်တရက်ပဲ ကျွန်တော်hyun နဲ့လက်ထပ်ဖို့ ဒီထပ်ပိုပြီးမစောင့်နိုင်တော့ဘူး "
"မင်းမိဘတွေက သဘောမတူရင် ဘယ်လိုလုပ်မလဲ "
"အဲ့လိုကိစ္စမျိုးရှိလာမှာမဟုတ်ဘူး အမေတို့က သေချာပေါက်သဘောတူမှာ "
"ကောင်းပြီလေ သွားကြတာပေါ့ "
"hyun ချစ်တယ် "
"အင်း ငါလည်းချစ်တယ် "
တိုက်ဆိုင်စွာပင်ထိုနေ့ညသန်းခေါင်ယံအချိန်တွင် zhanghao
ဆီသို့ အမည်မသိဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့သည်။
တစ်ဖက်လူ - အနားမှာ သူရှိလား ?
zhanghao- မရှိပါဘူး
ထိုညက zhanghaoသည် ထိုအမည်မသိဖုန်းခေါ်ဆိုလာသူနှင့်ကြာမြင့်စွာ ဖုန်းပြောပြီးနောက် မျက်နှာမကြည်သာစွာဖြင့်
အိပ်ပျော်နေသော hanbinရဲ့ ရင်ခွင်ထဲတိုးကာ အိပ်ပျော်ဖို့
အတင်းကြိုးစားလျှက်ရှိသည်။မနက်လင်းတော့ အားလုံးကတောင်အောက်ဆင်းဖို့အဆင်သင့်ဖြစ်
နေကြပြီဖြစ်သည်။
"အားလုံးလူစုံပြီဆို ကျွန်တော်တို့တောင်အောက်ဆင်းကြတာပေါ့ "
Matthewကပြောလိုက်သည် ။"ခဏလေး ကျွန်တော် အားလုံးကိုကြေညာစရာတစ်ခုရှိပါတယ် ၊
အဲ့ဒါက ကျွန်တော်နဲ့ Ricky hyunနဲ့ တွဲနေကြပါပြီ "
Gunwookက Rickyလက်ကိုတွဲကာ ပြုံးရွှင်စွာပြောလိုက်ပေမယ့်
YOU ARE READING
တစ်ဖက်သတ်မဟုတ်သောချစ်ခြင်း(UxZ)complete
Fanfictionတခါတလေတော့ လောကကြီးက တရားပါတယ် ကိုယ်တစ်ဖက်သတ်ချစ်နေတဲ့သူက ကိုယ့်ကို ကြိတ်ချစ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ပုံ zhanghao