အပိုင်း (၁၃)
Arrrr အိပ်ချင်ယောင်ဆောင်နေတဲ့ hyung က ချစ်ဖို့ကောင်းလွန်းလို့သေတော့မှာဘဲ ။ကျွန်တော်အနားကပ်လိုက်တဲ့ အချိန်မှာ
hyung ခြေချောင်းလေးတွေကုပ်ထားတာ မသိဘူးများထင်နေလား"Aigoo.. hyung က ဒီလိုမျိုးအစောကြီး အိပ်သွားတော့ဘယ်လိုလုပ်မလဲ ကျွန်တော့်မှာပြောစရာတွေအများကြီးရှိနေတာကို
ကစားကွင်းမှာတုန်းက ပြီးအောင်မပြောလိုက်ရဘူးမလား ၊"hyung က သူ့စကားတွေကို ခိုးနားထောင်နေမှာ သူသေချာသိတယ်
"တကယ်တော့ ကျွန်တော်ချစ်တဲ့ လူကလေ တရုတ်ပြည်ကလာတာ၊
ကျွန်တော်တို့စတွေ့တဲ့ အချိန်က အလယ်တန်းလောက်တုန်းက
ထင်ပါရဲ့ အနိုင်ကျင့်ခံနေရတဲ့သူ့ကိုကူညီလိုက်ကတည်းက
ကျွန်တော်တို့ခင်သွားခဲ့ကြတာ အဲ့ဒီကတည်းက ကျွန်တော်တို့
အမြဲတမ်းအတူတူရှိခဲ့ကြတယ် သွားအတူ လာအတူ စားအတူ
အိပ်တဲ့အချိန်လေးဘဲ ကျွန်တော်တို့ခွဲနေကြရတာ အခုချိန်ထိပေါ့"zhanghaoခေါင်းထဲတွင် မိုးကြိုးဆယ်စင်းမက ပစ်ချလိုက်သလိုပင် ၊ သူ ဘယ်သူ့ အကြောင်းကို ပြောနေတာလဲ ၊?ငါ ငါတို့ အကြောင်းပြောနေတာလား ?၊သူ သူချစ်နေတယ်ဆိုတဲ့လူက ငါတဲ့လား?
hanbinက ဟိုဘက်လှည့်ပြီးအိပ်ချင်ယောင်ဆောင် နေတဲ့ သူကို၊
သူ့နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် အသာလေးဆွဲလှည့်လိုက်သည်။
ပြီးတော့ zhanghao ရဲ့ခေါင်းကို အသာလေးမပြီ သူ့လက်မောင်းပေါ်တင်လိုက်တယ်။ပြီးတော့ လူတစ်ကိုယ်လုံးကိုလည်း
သူ့ရင်ခွင်ထဲ ဆွဲသွင်းနေတယ်။ဒီ ဒီကောင်လေး ဘာတွေ လျှောက်လုပ်နေတာလဲ ။ငါ အိပ်ပြီိလို့ထင်ပြီးတော့ သူလုပ်ချင်ရာတွေလုပ်နေတယ်။ဘယ်လိုဘဲ အိပ်နေတယ်လို့ထင်ထင် ဒါကတော့လွန်တာမဟုတ်လား၊၊ဒီလောက်နီးကပ်နေတာ ဘယ်လိုဆက်ပြီး အိပ်ချင်ယောင်ဆောင်ရမှာတုန်း၊
မိသွားရင် ဒုက္ခဘဲ။zhanghao တွေးနေတုန်းမှာဘဲ သူ့နဖူးပေါ်ကျလာတဲ့ အနမ်းနွေးနွေးလေးတစ်ခု။"ပြီးတော့ရှိသေးတယ် တက္ကသိုလ် ပထမနှစ်ကျွန်တော့်မွေးနေ့မှာလေ သူ...ကျွန်တော့်ကို ခိုးနမ်းခဲ့သေးတယ်။"
CZYTASZ
တစ်ဖက်သတ်မဟုတ်သောချစ်ခြင်း(UxZ)complete
Fanfictionတခါတလေတော့ လောကကြီးက တရားပါတယ် ကိုယ်တစ်ဖက်သတ်ချစ်နေတဲ့သူက ကိုယ့်ကို ကြိတ်ချစ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ပုံ zhanghao