အပိုင်း (၂၂) Unicode

815 113 3
                                    

အပိုင်း (၂၂)
"မင်းအဆင်ပြေရဲ့လား ?"

"အင်း  အဆင်ပြေတယ် ၊လာ ဒီဘက်တိုး ကျွန်တော်ဖက်ထားပေးမယ် "
ကျွန်တော်က လက်နှစ်ဖက်ဖွင့်ထားပေးလိုက်တော့ hyungက ကျွန်တော့်ရင်ခွင်ထဲတိုးဝင်လာသည် ။

"တောင်းပန်ပါတယ် "

"ဟင့်အင်း မဟုတ်တာ မတောင်းပန်ပါနဲ့ hyung အမှားမဟုတ်ပါဘူး ၊နောက်တစ်ခါဆိုရင် ကျွန်တော်စိတ်ကိုထိန်းနေမှာမဟုတ်ဘူး
နော် လွှတ်ပေးလိုက်မှာ ၊အဲ့လိုထပ်မလုပ်နဲ့တော့ "ပြီးတော့ hyung မနက်ဖြန်ကျရင် ကျွန်တော့်မိဘတွေအိမ်ကို သွားရအောင် "

"ဟင် "

"ကျွန်တော့်မိဘတွေအိမ်ကိုသွားမယ် မိဘတွေနဲ့မိတ်ဆက်ပေးမယ်
ပြီးတော့ ဒီစာမေးပွဲပြီးတာနဲ့ လက်ထပ်မယ် "

"ရုတ်တရက်ကြီး?"

"အင်း ရုတ်တရက်ပဲ ကျွန်တော်hyung နဲ့လက်ထပ်ဖို့ ဒီထပ်ပိုပြီးမစောင့်နိုင်တော့ဘူး "

"မင်းမိဘတွေက သဘောမတူရင် ဘယ်လိုလုပ်မလဲ "

"အဲ့လိုကိစ္စမျိုးရှိလာမှာမဟုတ်ဘူး အမေတို့က သေချာပေါက်သဘောတူမှာ "

"ကောင်းပြီလေ သွားကြတာပေါ့ "

"hyung ချစ်တယ် "

"အင်း   ငါလည်းချစ်တယ် "

တိုက်ဆိုင်စွာပင်ထိုနေ့ညသန်းခေါင်ယံအချိန်တွင် zhanghao
ဆီသို့ အမည်မသိဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့သည်။
တစ်ဖက်လူ - အနားမှာ သူရှိလား ?
zhanghao- မရှိပါဘူး
ထိုညက zhanghaoသည် ထိုအမည်မသိဖုန်းခေါ်ဆိုလာသူနှင့်ကြာမြင့်စွာ ဖုန်းပြောပြီးနောက် မျက်နှာမကြည်သာစွာဖြင့်
အိပ်ပျော်နေသော hanbinရဲ့ ရင်ခွင်ထဲတိုးကာ အိပ်ပျော်ဖို့
အတင်းကြိုးစားလျှက်ရှိသည်။

မနက်လင်းတော့ အားလုံးကတောင်အောက်ဆင်းဖို့အဆင်သင့်ဖြစ်
နေကြပြီဖြစ်သည်။
"အားလုံးလူစုံပြီဆို ကျွန်တော်တို့တောင်အောက်ဆင်းကြတာပေါ့ "
Matthewကပြောလိုက်သည် ။

"ခဏလေး ကျွန်တော် အားလုံးကိုကြေညာစရာတစ်ခုရှိပါတယ် ၊
အဲ့ဒါက ကျွန်တော်နဲ့ Ricky hyungနဲ့ တွဲနေကြပါပြီ "
Gunwookက Rickyလက်ကိုတွဲကာ ပြုံးရွှင်စွာပြောလိုက်ပေမယ့်

တစ်ဖက်သတ်မဟုတ်သောချစ်ခြင်း(UxZ)completeWhere stories live. Discover now