ဟင်!!ဒါ...ဒါဘယ်နေရာလဲ။
"တစ်စိတ်လောက်ရှင့် ဒါဘယ်နေရာလဲရှင့်"
"တိတ်တိတ်နေပါ သိရပါလိမ့်မယ်"
~မသိလို့မေးပါတယ်ဆိုမှမပြောပြဘူး။
လရိပ်ရှေ့တွင်ရပ်နေသောလူတန်းကြီးဟာတဖြည်းဖြည်းနည်းပါးလာသည်။
မကြာခင်မှာဘဲလရိပ်အလှည့်ရောက်လာတော့သည်။"နာမည်က လရိပ်ချိုနော်"
ခုံအမြင့်ပေါ်တွင်သပ်သပ်ရပ်ရပ်ထိုင်နေသောလူကြီးတစ်ယောက်ကမေးလာသည်။သို့သော်ထိုသူ၏၀တ်စုံမှာလရိပ်တို့၀တ်နေကြသောအ၀တ်မျိုးနှင့်မတူ။ဆန်းကြယ်၏။
"ဟုတ်ကဲ့ လရိပ့်နာမည်လရိပ်ချိုပါ"
"ဒါနဲ့ ဒါဘယ်နေရာလဲဆိုတာပြောပြပေးလို့ရမလားရှင့်"ထိုလူကြီးဟာစာအုပ်ကိုကြည့်နေရာမှလရိပ်သို့ကြည့်လာသည်။
"ဒါ ငရဲဘုံလို့ပြောလို့ရတယ်""ရှင်!! ဒါဆိုလရိပ် ... လရိပ်က"
"မင်းကြည့်ရတာကိုယ့်ကိုကိုယ်သေဆုံးသွားပြီမှန်းမသိသေးပါလား"
"လရိပ်သေသွားရင် လရိပ်ရဲ့မေမေ .... "
"အပူမီးတွေကိုလျှော့ပါ"
"ဒါပေမယ့်လရိပ် ... လရိပ်
မေမေ့ကိုဂရုစိုက်ချင်သေးတယ် လူနာတွေကိုလည်းကုပေးချင်သေးတယ်""မင်း အဲ့သလောက်တောင်အသက်ရှင်ချင်သလား"
"လရိပ်ကလရိပ်အတွက်အသက်ရှင်ချင်တာမဟုတ်ပါဘူး လရိပ်ရဲ့မေမေနဲ့လူနာတွေအတွက် ..."
လရိပ်တစ်ယောက် စကားကိုဆုံးအောင်မပြောနိုင်ဘဲအသံဟာအဆုံးမှာတိမ်၀င်သွားသည်။
"မင်းအဲ့သလောက်အသက်ရှင်ချင်ရင် မင်းကိုလူ့ပြည်မှာနေရအောင်ကူညီပေးမယ်"
"တကယ် ... တကယ်ပြောတာလား"
"အင်း"
"ယမမင်းကြီး သူရောက်ပါပြီ"
လူကြီးတစ်ယောက်။လူကြီးတစ်ယောက်ဟုဆိုသော်ငြား ထိုသူမှာလည်းပုံမှန်လူနှင့်မတူ။
"သူ့ကိုဒီလွှတ်လိုက်ပါ"
မကြာခင်မှာဘဲ
"လွှတ်စမ်း ငါကိုလွှတ် နင်တို့ကများငါ့အသားကိုရာရာစစ"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}