"စန္ဒာ နင်ဘယ်သွားဖို့လဲ"
အခန်းပြင်ထွက်ထွက်ခြင်းမှာပင်ဧကရီကမေးလာသည်။
"ဆေး ... ဆေးရုံကိုလိုက်ပတ်ဖို့"
"ဆေးရုံကိုလိုက်ပတ်တာဖြိုးပိုင်နဲ့ပတ်လို့ရသား"
"တစ်ယောက်တည်းပတ်ချင်လို့ပါဧကရီရဲ့ ဧကရီစိတ်မချရင်အဖော်လိုက်ပတ်ပေးပေါ့"
"အားနေလို့လား နင့်ဘာသာနင်ပတ် ငါအလုပ်ရှိသေးတယ် သွားပြီ"
ပြောပြီးမကြာခင်မှာပင်အနားမှထွက်သွားလေသည်။
~ဒီလိုပြောရင်ဒီလိုဖြစ်မယ်ဆိုတာထင်သား မှန်းချက်မဆိုးဘူးပဲလရိပ်ချို
______________လရိပ်ချိုတစ်ယောက်ဆေးရုံတစ်ခုလုံးကိုပတ်နေရင်းကော်ဖီသောက်ရန်ကော်ဖီဖျော်စက်နားသွားလိုက်သည်။
ခလုတ်နှိပ်ရန်ဟန်ပြင်နေစဥ် လရိပ်ရဲ့လက်ညှိုးဟာအခြားသောလက်တစ်ချောင်းနဲ့ထိမိတော့မလိုဖြစ်သွားသည်။
လရိပ် လက်ပိုင်ရှင်ကိုကြည့်လိုက်သောအခါတွေ့လိုက်ရသောမျက်နှာတစ်စုံမှာသူမရင်းနှီးနေတဲ့မျက်နှာတစ်စုံ။
ထိုသူမှာမတိမ်၀လ္လာ။သူမကိုနယ်မြို့မှာတွေ့ကတည်းကလရိပ်မှတ်မိပါသည်။တိမ်၀လ္လာကိုသူမပထမဆုံးမြင်ကတည်းကမှတ်မိသည်။အဘယ်ကြောင့်ထိုသို့မှတ်မိသည်လဲဆိုတာစဥ်းစား၍မရသလိုစဥ်းလဲမစဥ်းစားချင်။"သြော် ထပ်တွေ့ရတာ၀မ်းသာပါတယ်နော်😀"
လရိပ်ပြုံးကာနှုတ်ဆက်လိုက်သည်။သို့သာ်လရိပ်မေ့နေသည်မှာ သူမဟာအခုချိန်မှာလရိပ်ချိုမဟုတ်ဘဲ မိုးစန္ဒာဖြစ်နေသည်ကိုပင်။
"ငါတော့မင်းနဲ့တွေ့ရတာ၀မ်းမသာဘူး"
စနောက်နေသည့်လေသံမဟုတ်သောကြောင့်ပြုံးနေသည့်လရိပ်မျက်နှာဟာအပြုံးပန်းပျောက်ဆုံးသွားပြီးကြောင်တောင်တောင်လေးဖြစ်သွားသည်။
"သြော်!! ဟုတ်ကဲ့ အရင်ကော်ဖီယူလိုက်ပါ"
မတိမ်၀လ္လာဟာကော်ဖီရသည်ထိစောင့်ပြီးရသည်နှင့်ချက်ချင်းထိုနေရာမှထွက်သွားသည်။
~လရိပ်ဘာများလုပ်မိလို့လဲ
လရိပ်ကိုယ့်ကိုကိုယ်မေးခွန်းထုတ်မိသည်။
YOU ARE READING
ရေစက်
De Todo"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}