"လရိပ်တောင်းပန်ပါတယ်နော်"
"လရိပ်ဖွင့်မပြောရဲခဲ့ .... "လရိပ်စကားပင်ဆုံးအောင်မပြောနိုင်ခဲ့ဘဲ၀လ္လာ၏ခန္တာကိုယ်ကိုသာတင်းတင်းဖက်ထားမိသည်။
"လမင်းလေးကကိုယ့်ကိုမယုံဘူးပဲ"
"ရှင်!! "
"လမင်းလေး ကိုယ့်ကိုမယုံကြည်တော့ဘူး"
လရိပ်အားမကြည့်ပဲအခြားဆစ်ဖက်ကိုငေးလျက်ကြေကွဲသောအသံဖြင့်ပြောလာသော၀လ္လာ။
"မ .... မဟုတ်ပါဘူးမမရယ်"
"ဒါဆိုဘာလို့လဲဟင် ပြောလေ"
~ပြောပြချင်ပါတယ်မမရယ် ဒါပေမယ့်ပြောလို့မဖြစ်လို့ပါ
"ဘာလို့ဆွံ့အနေတာလဲ အဖြေမရှိဘူးလား"
ခေါင်းကိုသာငုပ်ထားမိသည်။ဖြေစရာမရှိ၍မဟုတ်။ဖြေ၍မရသောကြောင့်သာ။
"ကိုယ် အပြစ်တော့မပြောတော့ပါဘူး"
"စိတ်ထဲဘာမှမထားနဲ့နော် ဘာမှမဖြစ်ဘူးလမင်းလေး ကြားလား"ခေါင်းကိုပွတ်သပ်လျက်ထိုသို့နှစ်သိမ့်စကားဆိုသည်။
"မမ"
"ပြောလေ"
"ချစ်တယ် အသက်ထက်မကကိုချစ်တယ်"
ထို့နောက်၀လ္လာ၏နှုတ်ခမ်းအားဖိကပ်နမ်းလိုက်သည်။
_______၀လ္လာအားတင်းတင်းဖက်ထားသောခန္တာငယ်လေးသည်၀မ်းနည်းနေလေပြီ။သူမလေးစိတ်ထဲ၀မ်းနည်းသွားစေရန်မေးလိုက်ခြင်းတော့မဟုတ်။သိချင်စိတ်တို့ကိုမနေနိုင်စွာမေးမိခြင်းပင်။ထိုသို့သူမလေးကို၀မ်းနည်းစေမယ်မှန်းသိလျှင်ယောင်လို့တောင်မေးမည်မဟုတ်ပါလေ။
သို့သော်ဘယ်တတ်နိုင်မတုန်း။အခုတော့လမင်းငယ်လေးကငိုမဲ့မဲ့ဖြစ်နေပြီလေ။ထို့ကြောင့်လည်းနှစ်သိမ့်ကာစိတ်ဖြေသွားရန်ကြိုးစားနေခြင်းပင်။
ယခုမူကားမထင်ထားစွာချစ်ကြောင်းဦးစွာပြောလာပြီးနမ်းလာသည်။ပုံမှန်အားဖြင့်ဆိုလျှင်တော့အနမ်းများကိုတုန့်ပြန်မိလိမ့်မည်။သို့သော်လည်းမတုန့်ပြန်ဘဲငြိမ်ငြိမ်ကလေး သူမပြုစုသမျှကိုခံနေမိသည်။
YOU ARE READING
ရေစက်
Altele"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}