ဌာနမှူး၏ရုံးခန်းမှခပ်မြန်မြန်တွင်ပြေးထွက်လာခဲ့သည်။ရင်မှာလည်းတဒိတ်ဒိတ်နှင့်ခုန်နေသည်။
~ဟူးးး လရိပ်တော့မမကြောင့်နှလုံးရောဂါရတော့မှာပဲ
အချိုရည်တစ်ဘူးကို၀ယ်ကာသောက်ရင်းနားနေခန်းထံသို့ပြန်လာခဲ့သည်။
နားနေခန်းရောက်သည်နှင့်လရိပ်
၏မျက်နှာမှာအတော်ပင်ပျက်သွားရသည်။"မိုး!!မိုးကိုကိုယ်ကစောင့်နေတာ"
နားနေခန်း၌ကိုဇွဲမှလွဲ၍မည်သူမှမရှိ။
နှစ်ယောက်တည်းအတူရှိနေလျှင်မကောင်းသည်ကိုထိုသူ မသိပါစ။"ဘာကြောင့်များစောင့်နေရတာပါလဲကိုဇွဲ"
"မနက်ဖြန်ကျရင်မိုးအားတယ်မလား"
"အဲ့တာကိုယ်နဲ့တူတူနေ့လည်စာစားပေးနိုင်မလားလို့ပါ"ကိုဇွဲပြောမှမနက်ဖြန်အားကြောင်းသတိရသည်။
"အဆင်မပြေလောက်ဘူးကိုဇွဲ"
လရိပ်၏စကားကြောင့်ဇွဲ၏မျက်နှာထက်၀ယ်၀မ်းနည်းမှုတို့ဟာအထင်းသား။
"ကိုယ်ကမနက်ဖြန်တစ်ရက်ကိုမိုးနဲ့တူတူကုန်ဆုံးချင်လို့ပါ"
"တောင်းပန်ပါတယ်ကိုဇွဲ ဒါပေမယ့်လရိပ် အဲ .... ကျွန်မတကယ်အဆင်မပြေလို့ပါ"
ဇွဲဟာ 'လရိပ်' ဟုသုံးနှုန်းလိုက်သည်ကိုပင်သတိထားမိဟန်နှင့်မတူ။
"မနက်ဖြန်ကိုယ့်မွေးနေ့မို့ပါ ကျေးဇူးပြုပြီးမရဘူးလားဟင်"
မွေးနေ့ ဟူသောအကြောင်းပြချက်ဟာသူနှင့်အတူလိုက်ရန်အတွက်ပြီးပြည့်စုံသောအကြောင်းပြချက်မဟုတ်။
"ကျေးဇူးပြုပြီးလိုက်ပေးပါမိုးရယ်"
"ကောင်းပါပြီကိုဇွဲရယ် လိုက်ပါ့မယ်"
သနားသဖြင့်လိုက်ရန်ဆုံးဖြတ်လိုက်သောလရိပ်ကြောင့်ဇွဲဟာအတော်ပျော်ရွှင်သွားဟန်။
"ဒါဆိုမနက်ဖြန်မနက် ၉ နာရီကိုယ်လာကြိုမယ်နော်"
"ဟင်!! ၉ နာရီ"
"မစောလွန်းဘူးလား""မစောပါဘူး ကိုယ့်ကိုသာအိမ်လိပ်စာပြောလိုက်"
အိမ်လိပ်စာပေးရန်လရိပ်တွန့်ဆုတ်မိသည်။သို့သော်လည်း
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}