ဆွေးနွေးပွဲဟာအချိန်အတော်ကြာသွားခဲ့သည်။ဟောပြော
သည့်အကြောင်းရာကနည်းနည်း မိန့်ခွန်းပြောသည်ကများများမို့ကြာနေခြင်းပင်။
ဆွေးနွေးပွဲပြီးဆုံးသွားပြီးနောက်လရိပ် နန်းနှင့်သူသူကိုမျက်စိကစားကာလိုက်ရှာမိသေးသည်။သို့သော်မတွေ့။
ဟောပြောပွဲပြီးသည်နှင့်ဟိုတယ်၌နားကာမနက်ဖြန်ပြန်ရေးအတွက်ပြင်ဆင်ကြရသည်။
Highway လမ်းတစ်လျှောက်လရိပ်ငြိမ်သက်စွာ။နေ့လည်စာစားအပြီးညနေခရီးဆက်နေရင်းလရိပ် ဈေးသည်တန်းကြီးကိုတွေ့လိုက်ရသည်။
"ခဏလောက်ရပ်ပေးပါလား"
"ဘာဖြစ်လို့လဲ"
ကားကိုရပ်ကာမေးလိုက်သည်။"ခဏလောက်နော်"
ကားပေါ်မှဆင်းသွားသည်။
"အန်တီ ခေါက်မုန့်ကတစ်ခုဘယ်လောက်လဲဟင်"
"တစ်ခုကို၁၅၀သမီး"
"သြော် ဟုတ် ဒါဆိုလရိပ်ကိုအခု၂၀လောက်ထည့်ပေးပါနော်"
"အခု၂၀ကြီးများတောင် သမီးဘာလုပ်ဖို့လဲ"
"စားဖို့ပါအန်တီ ပူပူလေးပဲလုပ်ပေးပါနော်"
"အေးအေးသမီး"
တိမ်၀လ္လာတစ်ယာက် လရိပ်ကိုစောင့်နေသည်။
~ကြာလိုက်တာ ဘာလို့ဒီလောက်ကြာနေရတာလဲ
စိတ်မရှည်နိုင်စွာကားပေါ်မှဆင်းလာသည်။
"ဘာလို့ဒီလောက်ကြာနေတာလဲ"
လေသံမာမာနှင့်မေးလိုက်သည်။ထိုအခါထိုင်နေရင်းမုန့်ကိုငေးနေသောခေါင်းကလေးမှာအပေါ်သို့မော့ကြည့်လာသည်။
"မုန့်စောင့်နေတာ"
မျက်လုံးလေးကလယ်ကလယ်
နှင့်ပြောလာသောထိုမျက်၀န်းကိုတိမ်၀လ္လာစူးစိုက်ကြည့်မိသည်။~သူ့မျက်လုံးတွေအတိုင်းပဲ ဒါပေမယ့်မိုးစန္ဒာကသူမဟုတ်လောက်ဘူး
"မုန့်စောင့်နေတာအဲ့သလောက်ကြာစရာလား"
"ရော့သမီး အခု၂၀"
'အခု၂၀'ဟူသောစကားကြောင့်တိမ်၀လ္လာမျက်လုံးပြူးသွားသည်။
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}