"သူကဆုံးသွားတာတစ်နှစ်ပြည့်တော့ပါမယ်ကွယ်"
နန်းရဲ့စကားဟာအဖျား၌၀မ်းနည်းမှုတွေကြောင့်တုန်ရီနေသည်ကိုလရိပ်သတိထားမိသည်။
~လရိပ်စကားများမှားပြောမိပြီလား
နန်းနှင့်သူသူတို့၏မျက်နှာထက်၌အပြုံးများဟာဗလာနတ္တိ။အတော်၀မ်းနည်းနေသည်မှာမြင်ရသူတိုင်းအတွက်သိသာနေသည်။
"အဲ့သလောက်လည်း၀မ်းနည်းမနေကြပါနဲ့"
မတိမ်၀လ္လာကအရိပ်ခြေကိုသိ၍ပြောလိုက်သည်။
"ဟုတ်ပါတယ်လေ လရိပ်ကလူကောင်းတစ်ယောက်ပဲဟာ ကောင်းရာမွန်ရာမှာရှိလောက်ရောပေါ့"
မျက်ရည်စက်များကိုသုတ်ကာသူသူကပြောလိုက်သည်။
"ထားပါ ၀မ်းနည်းစရာတွေမပြောကြနဲ့တော့ပေါ့"
"ကိုယ်ကဒီခွဲစိတ်ဌာနရဲ့ဌာနမှူးပါ"ပထမစကားပြောတုန်းကအထိကိုယ့်ကိုကိုယ် ကျွန်မ နှင့်သုံးနှုန်းနေသည့်မတိမ်၀လ္လာကအခုစကားပြောသည့်အခါ၌ ကိုယ်
နှင့်သုံးနှုန်း၍လရိပ်ကြောင်သွားရသည်။"လိုတာတစ်ခုခုရှိရင်ကိုယ်ကူညီပေးမယ်"
"ဟုတ်ကဲ့ပါရှင် ကျွန်မတို့ကိုကူညီပေးမယ်မို့ကျွန်မတို့လည်း၀မ်းသာရပါတယ်"
~နန်းတို့အားနာနေတာပဲ
အတွင်းသိအဆင်းသိသူငယ်ချင်းမို့အားနာနေကြောင်းရိပ်မိသည်။
"ကိုယ့်ကိုအားမနာနေနဲ့နော် ကိုယ်ကမှန်လိုလူမျိုး"
"ဟင်!! ဘာကိုမှန်လိုလူမျိုးလဲ?? "
"မှန်ဆိုတာကိုယ်ပြုလုပ်တဲ့အပြုအမူတိုင်းရောင်ပြန်ဟပ်သလိုပဲလေ
ကိုယ့်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံရင်ကိုယ်လည်းကောင်းကောင်းမွန်မွန်ပြန်ဆက်ဆံတယ်""လိမ်တယ်ညာတယ်လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ်xxxxx"
"မိုးစန္ဒာ!!"
"ရှင်!! "
"မင်းဘာပြောတာလဲ"
" ရှင်!! လရိပ်ဘာမှမပြောပါဘူး သီချင်းညီးရုံပါ နားထောင်ကောင်းတယ်လေ"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}