"ဖြေပါလရိပ်ရယ် ကိုယ့်ကိုချစ်လားဟင်"
"လ .... လရိပ် .... "
လရိပ်မည်သို့ဖြေရမည်လဲမသိပါ ကိုဇွဲအလှည့်ကကဲ့သို့စိတ်ညစ်ခြင်းများ၊စိတ်ကသိကအောက်ဖြစ်ခြင်းများလည်းမရှိပါ။
ထို့ပြင်လရိပ် မိမိကိုယ်ကိုပို၍အံ့သြရသည်ကလရိပ်ထိုစကားကိုစောင့်ဆိုင်းနေခဲ့မိသည့်အတွက်ပင်။အကြောင်းရင်းအားရေရေရာရာမသိသော်ငြားမမထံမှ 'ချစ်တယ်' ဟူသောစကားကိုစောင့်ဆိုင်းနေခဲ့သည်။
"လရိပ်ခဏလောက်စဥ်းစားပါရစေမမ"
"ရတာပေါ့လရိပ်ရယ် ခဏဆိုတော့၃စက္ကန့်လား တစ်မိနစ်လား"
"အဲ့လောက်တော့မဟုတ်ဘူးလေ"
"ပြောတော့ခဏဆို"
"ခဏတော့ဟုတ်ပါတယ် ဒါပေမယ့်အဲ့သလောက်တော့မနည်းဘူးလေ"
"လရိပ်ရယ် လရိပ်ပြောရမှာဆိုလို့ လရိပ်လည်းမမကိုချစ်ပါတယ် ပါပဲ ဒါမှမဟုတ်လည််း ချစ်တယ် လို့တစ်ခွန်းလေးပဲပြောလိုက်ရုံပဲ"
"၁စက္ကန့်လောက်ဘဲရှိတာပါ"အချိန်တောင်းသည်ကိုပင်ဈေးဆစ်နေသော၀လ္လာကြောင့်လရိပ်ဖြေရခက်လေပြီ။
"လရိပ် အဖြေတစ်ခုကိုတိတိကျကျသိရတဲ့အချိန်ထိစောင့်ပေးလို့ပြောတာလေမမရဲ့"
"သြော် အင်းပါ ကိုယ်စောင့်ပေးပါ့မယ်"
"ဟုတ်မမ လရိပ်သွားလိုက်ဦးမယ်နော်"
"နေဦးလရိပ်"
၀လ္လာ့၏စကားကြောင့်လျှောက်လှမ်းနေသောခြေထောက်တစ်စုံဟာရပ်တန့်သွားသည်။
"ချစ်တယ်နော်"
၀လ္လာသည်ထိုစကားကိုပြောပြီးသူမ၏ရုံးခန်းထံသို့ပြန်သွားသည်။
ကျန်ခဲ့သည့်လရိပ်မှာမူ တွေတွေကလေးရပ်ကြည့်ကာကျန်ခဲ့တော့သည်။
~အို လရိပ် ချက်ချင်းအဖြေပြန်ပေးလို့မဖြစ်ဘူးလေ
အရှက်အကြောက်ကြီးမားသောလရိပ်တစ်ယောက်မူယာမာယာများကာအချိန်ဆွဲထားလေတော့သည်။
___________
YOU ARE READING
ရေစက်
Nezařaditelné"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}