သေချာသွားပါပြီ။လုံးဝတစ်ရာရာခိုင်နှုန်းသေချာသွားပါပြီ။
နန်းနဲ့ဧကရီဟာလုံးဝရေစက်ပါပြီးဆုံတွေ့ကြရမယ့်သူနှစ်ဦးပါ။"တကယ်ကြီးလားနန်း ဝိုးးမိုက်လိုက်တာ"
"ဘယ်ကသာမိုက်ရမှာလဲလရိပ်ရယ်"
"နန်းကလေသူ့မျက်နှာမမြင်ခင်ကဆိုသူ့ကိုမြင်ချင်ခဲ့တာ အခုကျ""ဧကရီကချောပါတယ်နန်းရဲ့"
ဧကရီကအမှန်လည်းချောပါ သည်။သို့သော်လည်းနန်းကမည်သည့်အကြောင်းကြောင့်ထိုသို့ပြောရသလဲဆိုသည်ကိုနားမလည်။
"ချောတာမချောတာကကိစ္စမဟုတ်ဘူးလရိပ်ရဲ့"
"ဒါနဲ့များဘာလို့ ....... "
"မ!!! "
အသံလာရာသို့သူသူနှင့်လရိပ်တို့နှစ်ယောက်အတိုင်အဖောက်ညီညီလှည့်ကြည့်လိုက်ကြသည်။
အသံပိုင်ရှင်မှာဧကရီပင်။သူမအကြောင်းပြောနေစဥ်ရောက်လာသဖြင့်အသက်ရှည်ဦးမည်ဟုစိတ်ထဲ၌ဗေဒင်တွက်ချက်မိသည်။
"ဦးဉာဏ်သာကိုခွဲစိတ်ဖို့လက်မှတ်ထိုးရမှာ"
လက်ထဲမှဖိုင်ကိုထောင်ပြကာဆိုလာသည်။
"၀င်လာပြီးပေးလေ"
နန်း၏စကားကြောင့်လရိပ်ရုတ်တရက်နန်းကိုလှည့်ကြည့်မိသည်။အနည်းဆုံး
၀င်လာလေညီမလေး၊လာခဲ့လေညီမလေး စသဖြင့်ပြောလေ့ရှိပါလျက်။ဧကရီလည်းအခန်းအတွင်းသို့၀င်လာသည်။
"မ ကဒီနေရာမှာလက်မှတ်ထိုးရမှာ"
'မ' ဟူသောအသုံးအနှုန်းကိုနားကြားမှားခဲ့သည်ဟုသာထင်ခဲ့မိသော်ငြားလက်တွေ့၌မဟုတ်။နောက်တစ်ကြိမ်ကြားလိုက်ရပြန်သည်။
သူသူ့ကိုကြည့််လိုက်သောအခါအခါသူသူမှာလည်းအံ့သြနေဟန်။"ok ကလေး။နန်းလက်မှတ်ထိုးပြီးသွားရင်လူနာကိုခွဲစိတ်ဖို့ကြိုတင်ပြင်ဆင်စရာတွေပြင်ဆင်ထားဖို့ပြောလိုက်ပါ"
နန်းပြောလိုက်သော 'ကလေး' ဟူသောအသုံးအနှုန်းကြောင့်ကြောင်သွားရပြန်သည်။
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}