"ဪ!! ၀လ္လာ"
"နန်းတို့ပါလား"
"လရိပ်နဲ့အဆင်ပြေသွားပြီလား"
'လရိပ်' ဟူသောစကားလုံးနာမ်စားကြောင့်၀လ္လာ၏မျက်နှာခေတ္တပျက်သွားသည်ကိုနန်းသတိထားမိသည်။သို့သော်နန်းရှေ့ရှိလူသားသည်မျက်နှာပြန်ထိန်းလိုက်ကာ
"သူနဲ့လား ပြတ်သွားကြပြီလေ"
'ပြတ်သွားကြပြီ' ဟူသောစကားကြောင့်သူသူတစ်ယောက်အင်မတန်အံ့သြသွားသည်။
"ဘယ်လိုဖြစ်တာတုန်း အဆင်ပြေသွားကြပြီထင်နေတာ"
"သူ့လိုသစ္စာမရှိတဲ့မိန်းမတစ်ယောက်နဲ့ဇာတ်လမ်းဖြတ်လိုက်တာအကောင်းဆုံးဖြစ်မယ်ထင်လို့ပါ"
"ဘာ!! သစ္စာမရှိတဲ့မိန်းမ!! "
သူသူတစ်ယောက်စိတ်ဆိုးမာန်စိုးဖြင့်အော်လိုက်သော်ငြား၀လ္လာသည်ဘာမှမဖြစ်သယောင်ဆက်ကာပြောလာသည်။
"ပြီးတော့လိင်တူချင်းတွဲကာဘယ်လောက်ကြာရှည်ခံမှာမို့လို့လဲ"
ယခုစကားသည်အင်မတန်လွန်သွားသည်ဟုနန်းထင်မိသည်။
"ဒီစကားကတော့လွန်သွားပြီလို့မထင်ဘူးလားဌာနမှူးတိမ်၀လ္လာ"
"မတိမ်၀လ္လာဘယ်လောက်ဘဲလိင်တူချင်းတွေကိုမကြိုက်ရင်နေပါစေ သူတို့ကိုတော့မပြောသင့်ဘူးလေ ပြီးတော့ရှင့်အနေနဲ့မိုး .... ""ကျွန်မနား .... "
"ကျွန်မစကားပြောနေတာဖြတ်မပြောနဲ့"
နန်း၏အော်ငေါက်လိုက်သောစကားကြောင့်၀လ္လာတိတ်ဆိတ်သွားသည်။
"ရှင်ကသူ့ကို့မိုးစန္ဒာလို့မြင်နေတာလေ အဲ့အစားသူ့ကိုလရိပ်ချိုလို့မြင်ကြည့်ပါလား"
"လရိပ်နဲ့ရှင်နဲ့လည်းတွေ့ဆုံဖူးတာသုံးခေါက်တောင်ပါ"နန်း၏စကားအဆုံးတွင်၀လ္လာ၌ ပြောရန်စကားသည်ဗလာနတ္တိ။
"ကျွန်မ .... "
"ပြောလေ ဘာပြောမှာလဲ နားထောင်နေတယ်"
ပြောစရာစကားမရှိပါ။နန်းအားပြန်ပြောရန်စကားမရှိပါ။
"ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်မတို့ကိုသွားခွင့်ပြုပါဦး"
နန်း သူသူ၏လက်ကိုဆွဲကာ ၀လ္လာ့အနားမှထွက်ခွါလာခဲ့ကြသည်။ယခုအချိန်တွင်လရိပ်ကိုရှာရန်အရေးကြီးပါသည်။
___________
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}