ရွှတ်
"ဟာ မမ"
"အသည်းယားလို့"
"အသည်းယားလို့ဆိုပြီးအသားယူနေတာများနေတယ်လို့မထင်ဘူးလား"
"မထင်ပါဘူး နည်းတောင်နည်းနေသေးသလိုပဲ"
ရွှတ်
ပြောရင်းနောက်တစ်ကြိမ်ထပ်မံနမ်းလာသော၀လ္လာကြောင့်လရိပ် ၏မျက်နှာတစ်ခုလုံးနီရဲနေလေပြီ။
"တော်တော်အသားယူတယ်"
ပွစိပွစိဖြင့်ပြောနေသောလရိပ်ကို၀လ္လာတစ်ယောက်ပြုံးစိစိဖြင့်သာကြည့်နေတော့သည်။
"မကြည့်နဲ့တော့ စားစရာရှိတာစား"
"စားစရာဆိုရင်မစားဖူးတာတစ်ခုပဲကျန်တယ်"
"ဟုတ်လား ဘာကျန်သေးတာလဲမမရဲ့"
ဟင်းပန်းကန်များကိုကြည့်ရင်းလရိပ်မေးမိသည်။
"ကိုယ့်ရှေ့ကကောင်မလေးကို"
"အို .... "
ဒါဟာလရိပ်ရှက်သည့်ပုံသဏ္ဍာန်တဲ့လား။
"ဟေ့ အဲ့လောက်မရှက်ပြနဲ့လေ ချစ်စရာကောင်းတယ်"
ရှက်ပါသည်ဆိုမှထပ်မံကာပင်စနေသော၀လ္လာကြောင့်လရိပ်တစ်ယောက်ရှက်ပြီးရင်းရှက်နေရပါသည်။
"အဲ့လောက်ချစ်စရာကောင်းအောင်မနေပါနဲ့ဆို ၃၁ ဘုံမှာလရိပ်လောက်ချစ်ဖို့ကောင်းတဲ့သူမရှိတော့ဘူး"
"တော်ပြီကွာ ထပ်မပြောနဲ့တော့"
ရှက်ရှက်နှင့်ပြောရင်းအိပ်ခန်းအတွင်းသို့ပြေး၀င်သွားလေသည်။
_____________လရိပ်နိုးလာသည့်အချိန်တွင်၀လ္လာအိပ်စက်နေလေသည်။ယနေ့တွင်လည်းတစ်ဖန်ပင်၀လ္လာ့၏နှုတ်ခမ်းများအားကြည့်မိသည်။
~လရိပ်ချို နင်ဘာတွေတွေးနေတာလဲ
မိမိကိုယ်ကိုချုပ်တည်းနေသော်ငြားမတတ်နိုင်စွာပါးတစ်ဖက်အားအကြင်နာဖွဖွပေးမိသည်။ပါးကိုပေးတာတော့မနိုးလောက်ပါရဲ့။
"ချစ်တယ်ဆိုမှနမ်းလေ"
"ဟင်!! အိပ်နေတာမဟုတ်ဘူးလား"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}