နန်းနှင့်သူသူတို့မရှိချိန်ဟာအတော်ပျင်းဖို့ကောင်းလွန်းလှသည်။ထိုသည်သာမက ဤလူ့လောက၌မေမေမရှိတော့သည်ဟူသောအသိကလရိပ်ကိုအတော်အထီးကျန်စေသည်။
ပြေးလွှားဆော့ကစားနေသောမိဘများနှင့်ကလေးငယ်များကိုမြင်တိုင်းမေမေ့ကိုလွမ်းမိသည်။~မေမေကောင်းရာမွန်ရာမှာရှိနေမှာပါလေ
ဤသို့ဖြင့်သာဖြေသိမ့်ရင်းနေထိုင်ရသည်။
_______________"ဒါဆိုအကျိတ်ကိုခွဲထုတ်ပြီးတာနဲ့မိုးစန္ဒာကချုပ်ဖို့ကိုတာ၀န်ယူလိုက်ပါ"
"ဟုတ်ကဲ့"
"ဒါဆိုမနက်ဖြန်အတွက်အဆင်သင့်ပြင်ထားကြပါ သွားလို့ရပါပြီ"
ခွဲစိတ်ရမည့်အကျိတ်အကြောင်းဆွေးနွေးပြီးသည်နှင့်ဆိုင်ရာနားနေခန်းထံသို့အသီးသီးပြန်သွားကြသည်။
_____________"ဟုတ်ပါတယ်ဆို လရိပ်တကယ်ပြောတာပါ"
" ..... "
"ဟုတ်ကဲ့ ဒါဆိုဖုန်းချတော့မယ်နော်သူသူ"
" ..... "
ဟူးးးးးးး
သက်ပြင်းကိုသာအကြိမ်ကြိမ်ချမိသည်။
ဒေါက် ..... ဒေါက် ......
လရိပ်လှည့်ကြည့်သောအခါတွေ့လိုက်ရသည်မှာဌာနမှူး။
~ခုနက 'လရိပ်' လို့ပြောလိုက်တာကိုများကြားသွားလားမသိ
တစ်နေ့ကဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကိုတွေးရင်းလရိပ်တစ်ယောက်ကိုယ့်အတွေးနဲ့ကိုယ်ပင်ထိတ်လန့်နေတော့သည်။
" CT လာပေးတာ"
~တော်ပါသေးရဲ့
"ဟုတ်ကဲ့ ကျေးဇူးပါ"
လရိပ်ထယူရန်ပြင်လိုက်သော်ငြား၀လ္လာကမပေးကာစားပွဲပေါ်သို့ကိုယ်တိုင်ကိုယ်ကျတင်ထားလိုက်သည်။
ဘေးတိုက်မြင်လိုက်ရသော၀လ္လာ၏ပုံစံမှာငေးမောချင်စရာ။
ဘေးတိုက်အနေအထားမှလရိပ်ဘက်သို့ရုတ်တရက်လှည့်ကြည့်လာသောကြောင့်မျက်လုံးများဟာအကြည့်ချင်းဆုံလျက်။၀လ္လာ၏မျက်လုံးညိုညိုလေးတွေဟာအကြည့်ချင်းခွာ၍မရအောင်ပင်ညှို့အားကောင်းလွန်းလှသည်။
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}