လရိပ်တစ်ယောက် ဈေးမှပြန်ရောက်သည်နှင့်ပစ္စည်းများကိုနေရာချလိုက်သည်။
~အရင်ဆုံးဧည့်ခန်းသန့်ရှင်းရေးလုပ်ရမယ်
ဧည့်ခန်းတစ်ခုလုံးကိုသန့်ရှင်းရေးလုပ်ပြီးနောက်ကျန်သည့်အခန်းကိုသန့်ရှင်းရေးလုပ်ရန်၀င်ကြည့်လိုက်သည်။
"ဟင်?? ဘုရားခန်းဘဲ"
အဟွတ် ... အဟွတ်~ဖုန်တွေချည်းပဲ။
"အရှင်ဘုရား အရှင်ဘုရားကို တပည့်တော်မ အဆင်ပြေအောင်နေရာထိုင်ခင်းပြင်ဆင်ပေးပါ့မယ်"
ဘုရားဆင်းတုတော်ကိုကြည့်ပြီးတစ်ယောက်တည်းပြောနေတဲ့လရိပ်ဟာ အရူးမလေးတစ်ယာက်အလား။
နေရာထိုင်ခင်းတို့ကိုပြင်ဆင်ပေးပြီးနောက်ရေမီးလဲပေးလိုက်သည်။
~ညကျမှဘုရားရှိခိုးတော့မယ်
တစ်အိမ်လုံးကိုသန့်ရှင်းရေးလုက်အပြီးတွင်လရိပ်၏ကိုယ်ခန္တာ၌
ဖုန်များဟာကပ်တွယ်လျက်။ရေချိုးပြီးနောက်မနက်က၀ယ်လာသည့်၀တ်စုံများထဲမှမိုးပြာရောင်ထမီနှင့်အကျီကိုရွေးလိုက်သည်။
ခေါင်းလျှော်ထားသည်မို့ဆံပင်များကိုဖြန့်ကျက်ထားလိုက်သည်။"ဒီလိုကျ မဆိုးပါဘူး"
ကိုယ်လုံးပေါ်မှန်တွင်မိမိ ပုံရိပ်ကိုကြည့်ရင်းပြောနေခြင်းသာ။
တီးတောင် ... တီးတောင် ...
~ဘယ်သူပါလိမ့်
လရိပ်တံခါးကိုဖွင့်ကြည့်လိုက်သည်။
ယောကျ်ားလေးတစ်ယောက်။အသက်ကလရိပ်နဲ့၅နှစ်ကျော်ကြီးမည့်ပုံစံ။၀တ်စားထားပုံကထိုသူကိုလူကြီးလူကောင်းတစ်ယောက်ပုံပေါ်စေသည်။
ထိုသူဟာလရိပ်ကိုကြည့်ရင်း
"မိုးလေးဒီနေ့ကိုယ်လာမှာကြိုသိနေတာလား"~ဘာလဲဟ!! လူကိုခေါ် တာ မိုးလေး တဲ့။
ထိုသူဟာမပြောမဆိုနဲ့အိမ်ထဲကို၀င်လာပြီးတစ်အိမ်လုံးကိုလိုက်ကြည့်နေသည်။
"ကိုယ်ပေးတဲ့အိမ်လေးတောင်မှမိုးလေးကြောင့်နေချင်စရာကောင်းသွားသလိုပဲ"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}