Intro

1.7K 105 1
                                    

ဆောင်းဟွန်းဟာ ရိုးရိုးသားတက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ပါပဲ။
တခြားသူတွေနဲ့စကားပြောရတာ မကြိုက်ဘဲတသီးတသန့်နေတဲ့ ခပ်အေးအေးကျောင်းသားပေါ့။

သူစိတ်ဝင်စားတာဆိုလို့ webtoon တွေ ဝတ္ထုတွေပဲရှိတယ်။ otakuလားဆိုတော့လည်း မဟုတ်ပြန်ဘူး။
ထားပါအဲ့တာတွေ။

အခုတော့သူကြိုက်တဲ့စာရေးဆရာက ဝတ္ထု အသစ်ထုတ်လို့ မရမကရှာဝယ်ပြီးအိမ်ပြန်လာခဲ့သည်။
လုံးဝအသစ်တော့မဟုတ်ဘူး။အရင်က websiteမှာ တင်ပြီးသားကို စာအုပ်ထုတ်လို့ အပြေးလေးသွားတိုးဝယ်လာခဲ့တာပေါ့။

ပြီးတော့ ထူးဆန်းတာကလေ သည်ဝတ္ထုထဲက ဗီလိန်ကသူ့နာမည်နဲ့ချွတ်စွတ်ကြီး!!!!

ဗီလိန်နာမည်ကလည်း ပတ် ဆောင်း ဟွန်း တဲ့!!!!

ဒါဘယ်လိုမဖြစ်သင့်တာကြီးလည်း
ဗီလိန်နာမည်နဲ့သူ့နာမည်တူနေတာတွေတော့ ပတ်ဆောင်းဟွန်းမှာ တစ်ပတ်လောက်ငူငူငိုင်ငိုင်ကြီး။

ဇာတ်လိုက်ဆိုရင်တောင် တော်သေးတယ် သူ့ကျမှဗီလိန်နဲ့သွားတူနေရတယ်လို့။
အဲ့စာရေးဆရာကိုအပြင်မှာတွေ့ရင် complainသွားတက်ဦးမယ်။ပတ်ဆောင်းဟွန်းကိုများ အချဥ်မှတ်နေ။

ဝတ္ထုအကြောင်းပြောရရင် ဗီလိန်ကလုံးဝကို ဇာတ်သိမ်းမလှတာ။
သူကဇာတ်လိုက်ကိုအသေရရအရှင်ရရကြိုက်နေတော့ ဇာတ်လိုက်မကို နည်းမျိုးစုံနဲ့နှိပ်စက်တာပေါ့။
ဇာတ်လိုက်မက ဇာတ်လိုက်အရှိန်အဝါတွေကြောင့်ဘာမှမဖြစ်ပေမယ့် ဗီလိန်ဖြစ်သူကတော့ ကံမကောင်းရှာဘူး။

ဇာတ်လိုက်ကလည်း ဇာတ်လိုက်မပြောသမျှယုံပြီး ဗီလိန်ကိုဒုက္ခရောက်အောင် ကြိုးပမ်းတယ်။
အဲnovelထဲက ဗီလိန်ပတ်ဆောင်းဟွန်းက ချမ်းသာတဲ့မိသားစုက တတိယသခင်လေးလေ။
ဒါပေမယ့်လည်း သူ့မိသားစုကသူ့ကိုအရေးသိပ်မပေးပါဘူး။အကြီးဆုံးအစ်ကိုနဲ့ သူ့အထက်ကအစ်မကိုသာ ဖူးဖူးမှုတ်ထားကြတာ သူ့ကိုတော့ အစေခံတွေကအစ မလေးစားကြပါ။

တကယ်တော့ သူ့ဘဝကသနားစရာကောင်းပါတယ်။
ဇာတ်လိုက်ကိုကြိုက်လို့ လုပ်မိလုပ်ရာတွေလုပ်ရင်း ဒုက္ခရောက်ရတာ။
သူလုပ်လို့ သူ့မိသားစုရဲ့စီးပွားရေးတွေက တစ်ဟုန်ထိုးကျဆင်းပါလေရော။

ငါ့ယောကျာ်းက အာဏာရှင်တဲ့(Heehoon)Where stories live. Discover now