ခင်ဗျားကအီသန်လီလား?!!

1K 105 19
                                    

သူ့ရှေ့ကတန်းစီနေတဲ့ ကောင်လေးကသူ့ကိုလှည့်ကြည့်လာတာမလို့ အီသန်လည်းစူးစိုက်ကြည့်မိသွားသည်။
အီသန့်စိတ်ထဲမယ် ကြယ်အစုအဝေးတစ်ခုလုံးမြင်လိုက်ရသလိုပဲ
လှလိုက်တဲ့မျက်ဝန်းလေးတွေ...
နောက်တော့ ထိုကောင်လေးလည်း ရှက်သွားတာကြောင့်ထင်သည် အရှေ့ကိုပြန်လှည့်သွားသည်။

နောက်တော့ကလေးတစ်ယောက်တိုက်လိုက်တာကြောင့် သူ့coatတွေရော ထိုကောင်လေးအင်္ကျီတွေပါ ပေရေသွားရသည်။
ထိုကောင်လေးကတောင်းပန်တော့ မလိုကြောင်းပြောလိုက်ပေမယ့် အရမ်းအလျော်ပေးချင်နေတဲ့ကောင်လေးကြောင့် စျေးအမှန်ကိုပြောလိုက်တော့ ကိုယ်ကပဲလူလိမ်လိုဖြစ်သွားရသေးသည်။

အပြောမချိုတဲ့သူဖြစ်တာကြောင့် ကောင်လေးကိုပြောလိုက်မိတဲ့စကားတွေက အနည်းငယ်ကြမ်းသွားသည်။ထိုကောင်လေးကလည်း ဒေါသထွက်သွားပုံပါပဲ။
ဒါပေမယ့်လည်း ဒါကလည်းသူ့ပုံစံဆိုတော့ သိပ်ပြီးအားနာမနေပါဘူး။နောက်တွေ့ရမဲ့သူတွေမှ မဟုတ်တာ။
အီသန်လည်း မှာထားတဲ့coffeရတာနဲ့ သူ့ရုံးဆီသို့ ဦးတည်လိုက်သည်။

_

အီသန်လီဆိုတာ စီးပွားရေးလောကမှာရော မြေအောက်လောကမှာပါ မသိတဲ့မရှိအောင် အောင်မြင်နေသောလူတစ်ယောက်ပင်။

အသက်ငယ်ငယ်နဲ့ ထိပ်တန်းသူဌေးစာရင်းဝင်နိုင်တဲ့သူ၊ ရုပ်ရည်ရူပကာ အပြစ်ပြောစရာမရှိအောင် ချောမောသူ၊ စကားကိုလိုတာထက် ပိုမပြောပဲ အေးစက်စက်နေတတ်သူ၊ စတဲ့ ဂုဏ်ပုဒ်တွေကတော့ အီသန်လီရဲ့နာမည်ရိုက်ရှာလိုက်တိုင်း ကပ်ပါလာသည့် စကားစုများပင်။

မီဒီယာတွေမှာလည်း ခဏခဏinterviewခံရသည်။အချို့လုပ်ငန်းရှင်တွေကလည်း သူ့ကိုသားမက်တော်ဖို့ ရရင်ရသလိုစကားကြောင်းကြသေးသည်။
ဒါပေမယ့် အခုချိန်ထိအီသန့်ဘေးမှာ မိန်းကလေးတစ်ယောက်မှမတွေ့ဖူးသေးချေ။အီသန်ကိုယ်တိုင်ကလည်း အကပ်မခံတာလည်းပါမည်။

အီသန်လီဟာမြေအောက်ဂိုဏ်းတစ်ခုဖြစ်သည့် ''Dark Blood ''ဂိုဏ်းရဲ့ ခေါင်းဆောင်လည်းဖြစ်သည်။ အီသန်ဆိုတဲ့နာမည်နဲ့တင် အချို့ဂိုဏ်းငယ်လေးတွေက လက်နက်ချကြသည်။
အီသန်လီဆိုတာ သူတို့စချင်တိုင်းစလို့ကောင်းသည့်လူမဟုတ်ပါလေ။
အီသန်တို့ဂိုဏ်းကတော့ လက်နက်တွေမှောင်ခိုသွင်းတာပင်။
လူကုန်ကူးတာတွေကိုတော့ အီသန်တို့ကရှောင်သည်
ပြီးတော့ အစိုးရဖက်ကလိုက်လို့မရတဲ့အမှုတွေကို ငွေပေး၍လိုက်ခိုင်းပါက ရအောင်လိုက်ပေးသည်။
အီသန်ကမိဘမဲ့တစ်ယောက်ဖြစ်သည်။
Dark blood ဂိုဏ်းရဲ့ခေါင်းဆောင်ဟောင်းက အီသန့်ကို ခေါ်ယူ၍မွေးစားခဲ့ခြင်းပင်။
အီသန်သွေးအေးတာ မထူးဆန်းပေ။
သူမှနွေးထွေးတဲ့ မေတ္တာတွေမရခဲ့ပဲ။တစ်နေ့နေ့မှာတော့ သူ့ကိုမေတ္တာနဲ့လွှမ်းခြုံနိုင်မဲ့သူ ရှိမယ်လို့မျှော်လင့်ပါတယ်လေ။

ငါ့ယောကျာ်းက အာဏာရှင်တဲ့(Heehoon)Where stories live. Discover now