New Character?

1.1K 98 32
                                    

-Side Mission-

'ဇာတ်လိုက်နဲ့ဇာတ်လိုက်မကို ကူညီပါ'

'ဟမ်...ဟမ်
ဘာကိုကူညီရမှာလဲ!
ကွဲသွားအောင်ကူညီရမှာလား'

'အသက်မှတ် ၂ပွိုင့်
missionအောင်ရင်ရမယ် မအောင်ရင်နှုတ်မယ်'

'ဟ ဘယ်လိုsystemလဲကွ
သူကများ အကြောကြီးနဲ့ တွေ့မယ် မင်း!'

သူပြောချင်တာပြောပြီးပျောက်သွားသည့်systemကို ကျိန်ဆဲရင်း နေ့သစ်တစ်နေ့ကိုစတင်လိုက်သည်။
မနက်ခင်းကတည်းက ကျက်သရေရှိနေပြီ။

''အ့''

''မင်းလူတစ်ယောက်လုံးလာတာကိုမမြင်ဖူးလား''

''တောင်းပန်ပါတယ်.....''

''ဟ!
တောင်းပန်တယ်ပြောပြီး သည်တိုင်းသွားလို့ရမလားကွ''

''ဘာလဲ ဆေးဖိုးပေးရအုံးမှာလား''

ဆောင်းဟွန်းလဲသူ့ကိုပြသနာရှာနေသူကိုကြည့်လိုက်တော့ ပေါ်လာသည့်စာတန်းကြောင့်တွန့်သွားမိသည်။

'ဇာတ်ကောင်အသစ်ပေါ်ထွက်လာပါသည်။'

'shit...ဘယ်သူလဲသူက.....'

''သည်မှာ...မင်းကိုပြောနေတာမကြားဘူးလား''

''ကျစ်.....ပြောပြော ဘာကိစ္စတွေကျန်သေးတာလဲ''

''ဟ မင်းကအလာကြီးပါလား''

''ပြောစရာမရှိတော့ရင် သွားပြီ''

သူ့ရှေ့ကထွက်သွားသည့် လူကိုကြည့်ရင်း ခပ်ထေ့ထေ့ပြုံးမိသည်။
Semesterအသစ်မှာ ပျော်စရာလေးတွေတွေ့ပြီထင်တယ်....။

''ဆောင်းဟွန်း....''

''ဟင် အီသန်''

''အင်း မင်းကိုလာကြိုတာ''

''ကျွန်တော့အဖေတောင် ခင်ဗျားလိုမကြိုဘူး''

''သေချာတာကတော့ ကိုယ်လဲမင်းအဖေမဖြစ်ချင်ပါဘူး.....''

''Bingsuစားမယ်မလား...''

''စားမယ်''

''ဟက် ကလေးလေး''

အီသန်တို့ကားလေး ကျောင်းရှေ့ကနေမောင်းထွက်သွားတာကို စောင့်ကြည့်နေသူလဲရှိပါသေးသည်။

ဆောဟာ အတန်းဆင်းတော့ သူနှင့်နေ့လယ်ကတိုက်ခဲ့သည့်ကောင်လေးကို လှမ်းတွေ့လိုက်သည်။
ခေါ်ဖို့လုပ်တော့ အီသန်လီရဲ့ကားထဲဝင်သွားသည့် ကောင်လေးကြောင့် လက်သီးကိုခပ်တင်းတင်းဆုပ်ထားမိသည်။

ငါ့ယောကျာ်းက အာဏာရှင်တဲ့(Heehoon)Where stories live. Discover now