ငါ့ဘဝကြီးတော့ သောက်ကျိုးနည်းပါပြီ

1.1K 103 5
                                    

ဆောင်းဟွန်းတစ်ယောက် ညနေပိုင်းအတန်းချိန်တောင်လစ်ပြီး သွားဝယ်လာရတဲ့စာအုပ်ကလေးကို ကိုင်ပြီးဟိုတွေးသည်တွေးနှင့်လမ်းလျှောက်လာခဲ့သည်။

သူက ငယ်ငယ်လေးကတည်းက ဝတ္ထုတွေ၊webtoonတွေဖတ်ရတာ ဝါသနာပါသည်။သူ့အခန်းထဲမှာလည်း အဲ့စာအုပ်တွေအပြည့်။
ကျောင်းမှာဆိုလည်း အားတဲ့အချိန်တိုင်း စာအုပ်လက်ကမချပဲဖတ်နေလို့ အပေါင်းအသင်းသိပ်မရှိ။ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ယန်းဂျောင်ဝန်းတစ်ယောက်သာရှိသည်။

အခုလည်း သူကြိုက်တဲ့စာရေးဆရာက စာအုပ်ထုတ်လို့ အပြေးလေးသွားဝယ်လာခဲ့တာပင်။

သည်ဇာတ်လမ်းရဲ့ ဇာတ်သိမ်းကိုမကြိုက်ဘဲဘာလို့ဝယ်လဲမေးရင် သူ့မှာဖြေစရာမရှိပါ။
သည်စာအုပ်ကိုက သူ့ကိုဝယ်ချင်အောင် ဆွဲဆောင်နေတာ။သူ့စိတ်ထဲ သည်စာအုပ်ကိုအိမ်ခေါ်ရမယ်ပဲ
ရှိတယ် ဘာလို့လည်းတော့ သူလည်းထွေထွေထူးထူးစဥ်းစားမနေပါဘူး။သည်တိုင်း စာအုပ်စုရတာကြိုက်တယ်လို့ပဲ မှတ်လိုက်ပါမယ်လေ။

အဲ့သည် အကောင်းစားဝတ္ထုစာအုပ်ကိုသွားဝယ်တဲ့ အပြန်လမ်းမှာပဲ လမ်းအကွေ့ကအရှိန်နဲ့ မောင်းလာတဲ့ကားက ပတ်ဆောင်းဟွန်းကိုဝင်တိုက်ပါရော။

''ကံကောင်းလိုက်တာ ပတ်ဆောင်းဟွန်းရယ်
ဝတ္ထုထဲက ဗီလိန်ရဲ့အဖြစ်နဲ့ သွားတူနေပါလား''

ဆောင်းဟွန်းနိုးလာတော့ မျက်နှာကျက်ဖြူဖြူကို ဦးစွာတွေ့ရသည်။
သူမသေသေးဘူးပဲ တော်သေးတယ် ဇာတ်လမ်းတွေဖတ်လို့ရပြီ။

ဒါနဲ့အခုကဘယ်မှာလည်း ဆေးရုံမှာလား။သူ့အိမ်မှာတော့ မဟုတ်တာသေချာသည်။

ဆေးရုံဆိုရင် ဆေးရုံအနံ့ရရမှာမလား အခုကberryနံ့ သင်းသင်းလေးရနေသည်။

ဘေးဘီလှည့်မကြည့်ပဲ မျက်နှာကျက်ကြီးကိုကြည့်ကာ အတွေးလွန်နေသော ပတ်ဆောင်းဟွန်းရယ်ပါ။

အခုမှအခန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်တော့ သူ့အခန်းထက်နှစ်ဆကျယ်တဲ့အခန်းကိုတွေ့ရသည်။

သူဘယ်ရောက်နေတာလည်း???

သေပြီး နတ်ပြည်ရောက်သွားတလား
ဒါပေါ့ ဒါပေါ့ သူ့လိုရိုးသားကြိုးစားတဲ့လူငယ်လေးက ငရဲပြည်ရောက်စရာဘာအကြောင်းမှမရှိ!!

ငါ့ယောကျာ်းက အာဏာရှင်တဲ့(Heehoon)Where stories live. Discover now