နောက်တစ်ရက်........
ဆောင်းဟွန်းသည်နေ့လဲ အိပ်ရာထနောက်ကျပြန်တာကြောင့် ကျောင်းချိန်မှီရုံလေးနှင့်ရောက်သွားသည်။
မနက်မိုးလင်းကတည်းကကံဆိုးပုံများ ကော်ရစ်ဒါထောင့်ချိုးမှာဇာတ်လိုက်နဲ့တိုက်မိတာကြောင့် ဖင်ထိုင်ရက်ပြုတ်ကျသေးသည်။
ဆောင်းဟွန်းလဲ အတန်းနောက်ကျမှာစိုးတာကြောင့် ဘာမှမပြောပဲထွက်လာခဲ့လိုက်သည်။
နောက်မှတွေ့တာပေါ့.....။''နောက်ကျလိုက်တာ''
''ဟုတ်တယ် အိပ်ရာမနိုးလို့''
''ညကဘာတွေလုပ်နေတာလဲ
မဟုတ်တာတွေလုပ်နေတာလား''''ချီးကိုမဟုတ်တာတွေလုပ်....''
ဆောင်းဟွန်းကပြောတော့ ဆောနူကတခစ်ခစ်ရယ်သည်။
''ဆရာလာပြီ ''
****
''Statisticsကိုဘယ်ကောင်ထွင်ထားတာလဲကွာ''
''ရူးချင်နေပြီ ၂နှစ်လောက်သင်လာခဲ့လဲ လည်တုန်းပဲ ချီးး''
''ငါ ကျောင်းထွက်လိုက်တာပဲကောင်းမယ်ထင်တယ်''
''ပေါက်ကရတွေပြောမနေနဲ့ သွားမယ် ထ''
ညည်းညူနေသည့် ဆောင်းဟွန်းကိုဆူပူရင်း ဆောနူကဆွဲခေါ်သွားသည်။
''နေ့တိုင်းကန်တင်းပဲလာနေရတာ ဖီးလ်ငုတ်လိုက်တာ''
''အဲတာဆို KTVသွား
ကျောင်းလာမတက်နဲ့''''ရိုင်းတယ် ''
''ဘာဖြစ်လဲ ငါကရိုင်းလဲမျက်နှာလေးကချစ်စရာလေးလေ ''
''သည်ကောင်....''
ဆောင်းဟွန်းလဲပြောင်စပ်စပ်လုပ်နေသည့် ဆောနူကိုလက်မောင်းကြား ညှပ်ရင်းစနောက်နေမိသည်။
ရုတ်တရက်....!!!
သူ့နောက်ကျောအေးလာသလိုခံစားရလို့ အနောက်လှည့်ကြည့်လိုက်တော့ ဇာတ်လိုက်ရယ်လေ ဆောင်းဟွန်းတို့ကိုစိုက်ကြည့်နေလိုက်တာများ....
သူသာနဂါးဆို ပြာပုံဖြစ်နေလောက်ပြီ။ဆောင်းဟွန်းလဲ ကြည့်နေသည့်သူကိုမသိချင်ယောင်ဆောင်လိုက်ပြီး ကိုယ့်လမ်းကိုယ်သာဆက်သွားလိုက်သည်။
YOU ARE READING
ငါ့ယောကျာ်းက အာဏာရှင်တဲ့(Heehoon)
Fanfictionပတ်ဆောင်းဟွန်းတစ်ယောက် သူဖတ်နေတဲ့ ဝတ္ထုထဲကဗီလိန်ရဲ့ ကိုယ်ထဲကိုကူးပြောင်းလာပြီးနောက် ဘာတွေဆက်ဖြစ်ကြမလဲ........ -own creation -both uni and zawgyi are available~~ enjoy♡ >media crd<