-Unicode
ရှင်းဟာယောင်းတစ်ယောက်toiletသွားသလိုနဲ့ ဝိုင်းထဲကနေထွက်လာခဲ့သည်။
ပတ်ဆောင်းဟွန်းက သူ့ကိုဆေးမခတ်မှတော့ သူကခတ်ရုံပေါ့လေ ဟင်းဟင်း.....Waiterတစ်ယောက်ရဲ့ အနားကိုကပ်ကာ စကားအချို့ပြောပြီး ပေးသင့်တာအနည်းငယ်ပေးကာ ဟန်မပျက်ပင် သူ့နေရာကိုဝင်ထိုင်လိုက်သည်။
''ဆောင်းဟွန်း မင်းများနေပြီနော်''
အီသန့်ရှေ့တင်cocktailတွေတစ်ခွက်ပြီးတစ်ခွက်မှာသောက်နေသူဟာ ဘာတွေစိတ်ညစ်စရာရှိလဲမသိပါ။
စိတ်ပူလို့ တားမိတော့ ရရှိတဲ့မျက်စောင်းစူးစူး...။''ခင်ဗျားကို တိတ်တိတ်နေလို့ပြောထားတယ်လေ''
အီသန့်ကို လက်ညှိုးလေးတထောင်ထောင်နှင့်ပြောနေသူဟာ မူးနေပြီဆိုသည်မှာ သေချာပေါက်ပင်။
''မင်းမူးနေပြီ ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်''
''နိုးးးအိမ်မပြန်ဘူးလို့....
သောက်အုံးမှာ''''များနေပြီလေကွာ နောက်နေ့မှဆက်သောက်တော့''
''သောက်အုံးမှာလို့
အကိုကြီး ခပ်ပြင်းပြင်းလေးနောက်တစ်ခွက်''အီသန်လဲရှေ့ကပြောမနိုင်သောကြွက်တွင်းကြောင့် မျက်ခုံးထောင့်စွန်းကို ကုတ်ခြစ်မိသည်။
ဆောင်းဟွန်းကတော့ အသိစိတ်လွတ်အောင် တစ်ခွက်ပြီးတစ်ခွက်ထိုင်သောက်နေသည်။waiterလေးလဲ သူ့ကိုပိုက်ဆံပေးပြီးခိုင်းသည့် မိန်းကလေးတစ်ယောက်ကြောင့်လုပ်ငန်းကိုအကောင်အထည်ဖော်ဖို့လုပ်သည်။
ထိုမိန်းကလေးပြောသည့် လူကိုကြည့်လိုက်တော့ မူးတောင်မူးနေပြီ။
ထိုကောင်လေးဘေးကလူကိုမြင်လိုက်ချိန်မှာတော့ waiterလေးမျက်နှာဟာ သွေးမရှိသလိုဖြူစုတ်သွားသည်။'boss....bossကဘယ်လိုလုပ်ရောက်...ရောက်နေတာလဲ
ပြီးတော့ bossနဲ့ အဲကောင်လေးကဘယ်လိုပတ်သပ်တာပါလိမ့်
ဆေးမခတ်တာပဲကောင်းမယ်ထင်တယ်
မဟုတ်ရင် မနက်ဖြန်နေထွက်တာတောင်မမြင်လိုက်ရမှာ စိုးရိမ်မိတယ်'အီသန်လဲနောက်ကတစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရလို့ လှည့်ကြည့်လိုက်တော့waiterတစ်ယောက်က သူတို့ကိုစိုက်ကြည့်နေတာတွေ့ရသည်။
ပုံမှန်မဟုတ်ဘဲ မူပျက်နေသည့်ဟန်ကြောင့် အနားကိုခေါ်လိုက်တော့ ချက်ချင်းပြေးလာသည်။
သူကသည်clubရဲ့ ပိုင်ရှင်မှန်းသိသွားပြီထင်တယ်။
YOU ARE READING
ငါ့ယောကျာ်းက အာဏာရှင်တဲ့(Heehoon)
Fiksi Penggemarပတ်ဆောင်းဟွန်းတစ်ယောက် သူဖတ်နေတဲ့ ဝတ္ထုထဲကဗီလိန်ရဲ့ ကိုယ်ထဲကိုကူးပြောင်းလာပြီးနောက် ဘာတွေဆက်ဖြစ်ကြမလဲ........ -own creation -both uni and zawgyi are available~~ enjoy♡ >media crd<