ကောင်လေးစိတ်ကောက်သွားပြီTvT

1.1K 104 52
                                    

ဇာတ်လမ်းကဆောင်းဟွန်းကြောင့်အနည်းငယ်ကွဲလွဲနေပေမဲ့ OOCတော့မဖြစ်သေးပေ။
နောက်ကွယ်ကဗီလိန်ကဘယ်သူလဲဆိုတာ အခုထိအရိပ်အမြွက်ပင်မသိရ။

ဟိုအိပ်မက်ထဲမှာ ပေါ်ပေါ်လာတဲ့ မဲမဲကောင်ကြီးကလဲ သူ့ကိုအဲ့တာနဲ့ပက်သပ်ပြီးဘာမှမပြော။
ဒီလိုနဲ့ ဆောင်းဟွန်းကဇာတ်လမ်းကိုမပြောင်းနိုင်တော့မှာတော့မဟုတ်ဘူးမလား။

အတွေးလွန်ရင်းလမ်းလျှောက်လာတာ လူတစ်ယောက်ကိုဝင်တိုက်မိမှ လက်ရှိကာလကိုပြန်ရောက်သည်။

''တောင်းပန်ပါတယ်ဗျ''

''အိုးး စီနီယာ
မလိုပါဘူးဗျာ စီနီယာသာဆို တက်နင်းသွားလဲကျေနပ်တယ်''

''မင်းရူးများနေလားကွာ''

''အကောင်းကြီးရှိပါသေးတယ် စီနီယာရယ်
စီနီယာအတန်းတက်မလို့လား...''

''အင်းလေ ကျောင်းလာမှတော့အတန်းတက်ဖို့ပေါ့''

''ဟဟ စီနီယာကချစ်စရာလေးဗျာ''

ဆောဟာမနေနိုင်ဘဲ စီနီယာ့ဆံပင်လေးတွေကိုဆွဲဖွလိုက်တော့ လက်ကိုပုတ်ထုတ်လာသည်။

''ကိုယ့်လူရဲ့အသားကို ထိခွင့်ရှိလို့လား ရှင်းမ်ဆောဟာ''

''ဦးငယ်....''

''မတွေ့ရတာကြာပြီနော် ပြန်ရောက်တာဒီဦးလေးကိုတောင်လာမနှုတ်ဆက်ဘူး''

''ခင်ဗျားနဲ့သိတာလား ''

''အွန်း ကိုယ့်တူလေ''

*စောက်ကျိုးတွေနည်းပြီထင်ပါတယ် ပတ်ဆောင်းဟွန်းရယ်*

''ဦးငယ်ကကျောင်းကိုဘာလာလုပ်တာလဲ''

''အို့ ကျောင်းအုပ်နဲ့ပြောစရာလေးရှိလို့ပါ''

''အဲ့လိုအသေးအမွှားလေးကိုဝင်ပါတတ်တာ ဦးငယ်styleမဟုတ်ပါဘူး''

''အရင်ကပါ
အခု ဒီကျောင်းမှာဂရုစိုက်ရမဲ့သူလေးရှိနေတယ်လေ နော်..ဆောင်းဟွန်း''

ဟီဆွန်းမှာပြောလည်းပြော ဆောင်းဟွန်းပုခုံးအားဖက်လိုက်တော့ မကြိုက်ဟန်ငြင်းဆိုလာသည့်ကောင်လေး။

''ဖယ်စမ်းပါ ခင်ဗျားလက်
အတန်းနောက်ကျတော့မယ်လို့ ''

''ဟုတ်ပါပြီ
အပြန်လာကြိုမယ်နော် ကိုယ့်ကိုဖုန်းဆက်လိုက်''

ငါ့ယောကျာ်းက အာဏာရှင်တဲ့(Heehoon)Where stories live. Discover now