Unicode_
(scroll down to read zawgyi ver)
''ဆောင်းဟွန်း ဟာယောင်းသည်မှာ ထိုင်လို့ရတယ်မလားဟင် တခြားဝိုင်းတွေကလူပြည့်နေလို့လေ ''
ဆောနူကတော့ ဆောင်းဟွန်းကိုကြည့်ကာ မျက်ခုံးတစ်ချက်ပင့်ပြသည်။
ဘယ်လိုလဲဆိုသည့် သဘော.....။ဆောင်းဟွန်းဖြင့် ဇာတ်လိုက်မ ဘာအကွက်တွေ ရွှေ့နေမှန်းမသိတော့ပါဘူး။
တခြားဝိုင်းက ကျောင်းသားတွေကလဲ သူတို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေတာကြောင့် မထိုင်ခိုင်းရင်လဲ ဆောင်းဟွန်းကိုအပြစ်ပြောကြအုံးမည်။*ကျစ် ! ကြာပန်းဖြူပါလား *
''ထိုင်ချင်ရင်ထိုင်ပါ
သည်စားပွဲကိုလဲ ကျွန်တော်ဝယ်ထားတာမှမဟုတ်တာ ''''အော် အဟင်းး
ဟာယောင်းက ဆောင်းဟွန်းမကြိုက်မှာစိုးလို့ပါ''''ကျွန်တော်ကမကြိုက်စရာဘာရှိလို့လဲ ''
ဆောင်းဟွန်းလဲ ပြောပြီးတာနှင့် ကိုယ့်ထမင်းကိုယ်သာဆက်စားနေလိုက်သည်။
ရှင်းဟာယောင်း ထိုင်ပြီးမကြာဘူး ဇာတ်လိုက်ဂင်မ်ဂျောင်မင်းကလဲ ထမင်းဗန်းကိုင်ကာ ဆောင်းဟွန်းတို့ဝိုင်းဆီလာထိုင်သည်။
''အာရုံတွေ...''
''မင်းပိုင်တဲ့ဝိုင်းမှမဟုတ်တာ ငါထိုင်လဲကိစ္စမရှိဘူးမလား''
''အရင်ထိုင်နေတဲ့လူတွေရှိတယ်လေ မင်းခွင့်မတောင်းတတ်ဘူးလား''
''အိုးးမင်းကိုခွင့်တောင်းစရာလိုသေးတာလား ''
''ဆောင်းဟွန်းထားလိုက်တော့
တခြားသူတွေကြည့်နေပြီ ''ဆောနူတားလို့ ဆောင်းဟွန်းလဲ စိတ်လျော့လိုက်ရသည်။
ဇာတ်လိုက်ကတော့ သူ့ကိုခပ်ထေ့ထေ့ပြုံးကာ ကြည့်နေသည်။
*အမြင်ကပ်လိုက်တာ ခန္ဓာကိုယ်ပိုင်ရှင်က သည်လိုကောင်ကို ဘာကြည့်ကြိုက်လဲမသိဘူး *
ဇာတ်လိုက်နှင့် ဇာတ်လိုက်မကတော့ အဆင်ပြေပြေပါပဲ....။
ဟင်းလေးတွေ ထည့်ပေးလိုက်၊ စကားလေးတွေပြောလိုက်နှင့်....။
မျက်စိနောက်စရာတွေ။
YOU ARE READING
ငါ့ယောကျာ်းက အာဏာရှင်တဲ့(Heehoon)
Fanfictionပတ်ဆောင်းဟွန်းတစ်ယောက် သူဖတ်နေတဲ့ ဝတ္ထုထဲကဗီလိန်ရဲ့ ကိုယ်ထဲကိုကူးပြောင်းလာပြီးနောက် ဘာတွေဆက်ဖြစ်ကြမလဲ........ -own creation -both uni and zawgyi are available~~ enjoy♡ >media crd<