ငါ့ကိုလွှတ်ထားပေးကြပါ

1K 101 22
                                    

ဆောင်းဟွန်းလည်းသူ့အခန်းရှိရာကို ဟိုကြည့်သည်ကြည့်နဲ့လျှောက်လာရင်း ဇာတ်လိုက်နှင့်တွေ့တော့သည်။ဇာတ်လိုက်ကလည်း သူတို့စီးပွားရေးမေဂျာကပဲလေ။

''ပတ်ဆောင်းဟွန်း မင်းဘာပြသနာတွေရှာဦးမလို့လည်း''

|ငါ့ဟာငါ အေးအေးဆေးဆေးလမ်းလျှောက်လာတာပါ ဘိုးဘေးလေးရယ် ဘာပြသနာမှမရှာရသေးပါဘူး|

ခက်ချေပြီ ဆောင်းဟွန်းကပြသနာမရှာလည်း ပြသနာကဆောင်းဟွန်းကိုလာရှာတာပါပဲ။ ဗီလိန်ရဲ့အရှိန်အဝါတွေထင်တယ် ကျေးဇူးတင်ပါတယ် စာရေးသူရယ်။

''မင်းကိုပြောနေတာလေ ပတ်ဆောင်းဟွန်း
ဘာလည်း ဒါကရောငါ့ကိုမြှူစွယ်ဖို့နည်းလမ်းအသစ်လား ဟက်''

ဆောင်းဟွန်းလည်း သူ့ရှေ့ကဇာတ်လိုက်ကိုတစ်ချက်ကြည့်လိုက်ပြီး

''ဒီမှာ ဂင်မ်ဂျောင်မင်း ငါ့ဟာငါလမ်းလျှောက်လာတာကို မင်းအရင်ပြသနာရှာတာမဟုတ်ဘူးလား ပြီးတော့ မင်းကိုမြှူစွယ်တယ်ပဲဖြစ်ရသေးတယ် မင်းဖင်ကြီးကိုမြှူစွယ်လေ ဟမ့်''

အဲလိုပြောပြီးတာနဲ့ သူ့အခန်းရှိရာကိုခပ်သုတ်သုတ်လေးထွက်လာခဲ့သည်။

နောက်မှ စဥ်းစားမိတာက သည်ခန္ဓာကိုယ်ပိုင်ရှင်က အဲသည်ဇာတ်လိုက် ဂင်မ်ဂျောင်မင်းကိုမြင်တာနဲ့ စပ်စလူးနတ်ပူးသလိုဖြစ်နေတာလေ

အခုသူတုံ့ပြန်လိုက်တဲ့ပုံက oocများဖြစ်သွားလား
မတတ်နိုင်ဘူး ပြောခဲ့ပြီးပြီ။ ပတ်ဆောင်းဟွန်းကို ဒါမျိုးလာကြောလို့ရမလား ဟမ့်!

''ပတ်ဆောင်းဟွန်း! မင်းဆေးမှားသောက်လာတာလား''

သူ့ရှေ့က ဆံပင်ပန်းရောင်တွေနဲ့ကောင်လေးကို ကြည့်ရင်း အရင်ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အချစ်ဆုံးသူငယ်ချင်း ကင်မ်ဆောနူဆိုတာသိလိုက်သည်။

အရင်တုန်းက ဗီလိန်ပတ်ဆောင်းဟွန်းက အချစ်ရူးလေးလုပ်နေတော့ သူငယ်ချင်းတွေဘာတွေမသိတော့ပေ။ ဒါကြောင့် ကင်မ်ဆောနူကလည်းသူ့ကိုထားသွားတာပင်။
ကြားထဲမှာလည်း အဖြစ်အပျက်တွေအများကြီးဖြစ်သွားသေးသည်။အမှန်ဆို ဆောနူကအရမ်းကောင်းသည့် သူငယ်ချင်းလေးပင်။

ငါ့ယောကျာ်းက အာဏာရှင်တဲ့(Heehoon)Where stories live. Discover now