''အ့ *
တောင်းပန်ပါတယ်ရှင် ဟာယောင်းမမြင်လိုက်လို့ပါ''
''ရပါတယ်''
''ဟို..ဟိုအင်္ကျီတွေက....''
''မလိုပါဘူး
မင်းကြည့်ရတာလဲလျော်နိုင်မဲ့ပုံမပေါ်ဘူး သည်တိုင်းသွားလိုက်တော့''''ရှင်''
''ကျစ်..ငါပြောတာကိုမကြားတာလား
သည်တိုင်းသွားလိုက်တော့လို့''''မဟုတ်...ဟာယောင်းကအားနာလို့ပါ''
''မလိုဘူး''
အီသန်လဲပြောပြီးတာနဲ့ ထွက်လာခဲ့လိုက်သည်။
ဆောင်းဟွန်းနားမှာ တစ်ခါခါတွေ့ရသည့်ကောင်မလေးမှန်းတော့သိသည်။
မည်သူလဲဆိုတာတော့ သူမသိ။
သိဖို့လဲမလိုဘူးဟုထင်သည်။-
သူမသိပ်ကိုရှုပ်ထွေးနေသည်။
အတိတ်ဘဝရဲ့မှတ်ဥာဏ်တွေကြောင့် သူသိပ်ရှုပ်ထွေးနေပြီ။ဘယ်သူ့ကိုရွေးရမလဲမသိဘူး။
နှစ်ယောက်စလုံးကိုလဲ လက်မလွှတ်နိုင်ဘူး
တတ်နိုင်သမျှတော့ သူနှစ်ယောက်လုံးကို ဆွဲထားအုံးမှာပဲ။အဲ့လိုဆုံးဖြတ်ပြီး အီသန်လီကိုဝင်ရောလိုက်ပေမဲ့ အရှက်ကွဲခြင်းသာအဖတ်တင်တယ်။
ဘာလို့အရမ်းပြောင်းလဲသွားရတာလဲ....။ပတ်ဆောင်းဟွန်း...!
အကုန်သူ့ကြောင့်ပဲ
သူ့ကြောင့် အကုန်ပြောင်းလဲကုန်တာ။-
ဆောင်းဟွန်းကျောင်းထဲဝင်လာတော့ ဆောနူကိုတွေ့တာကြောင့် အတူတူအတန်းထဲသွားဖို့ မလုပ်ပါဘူး။
ကျောင်းကန်တင်းကိုသွားရမှာပေါ့။''ဆောင်းတွင်းတောင်ရောက်လာပြီနော်''
''ဟုတ်ပါ့ အေးလိုက်တာ သေမလိုပဲ''
''အခုမှအစပဲရှိသေးတာ အကဲပိုမနေနဲ့ ဟေ့ကောင်''
''ငါ့ဟာငါအေးလို့ အေးတယ်ပြောတာလေ ဘာဖြစ်လဲ''
''ကင်မ်ဆောနူ မင်းအရမ်းစွာတယ်နော်''
''အ''''အာမချောင်နဲ့ ပါးစပ်ပိတ်နေ''
''အားးဘာလို့လာရိုက်တာလဲ တကယ်ပါပဲ''
''စီနီယာ''
YOU ARE READING
ငါ့ယောကျာ်းက အာဏာရှင်တဲ့(Heehoon)
Fanficပတ်ဆောင်းဟွန်းတစ်ယောက် သူဖတ်နေတဲ့ ဝတ္ထုထဲကဗီလိန်ရဲ့ ကိုယ်ထဲကိုကူးပြောင်းလာပြီးနောက် ဘာတွေဆက်ဖြစ်ကြမလဲ........ -own creation -both uni and zawgyi are available~~ enjoy♡ >media crd<