Rumors

1K 97 16
                                    


(zawgyi below)

ရှင်းဟာယောင်းနိုးလာတော့ သူ့ဘေးမှာ ကျောပေးပြီးအိပ်နေသည့် အမည်မသိအမျိုးသားတစ်ယောက်ကိုတွေ့ရသည်။
သူလဲ သူ့ဘဝသူရွံမုန်းမိလို့ ထိုလူ့မျက်နှာကိုလဲမကြည့်ချင်ပေ။

ဒါကြောင့် ထိုလူမနိုးခင် ပြန့်ကျဲနေသည့် သူ့အဝတ်အစားတွေကို ကောက်ဝတ်ရင်းထွက်လာခဲ့သည်။

''တောက်!! ငါ့ဘဝကိုသည်လိုဖြစ်အောင်လုပ်သွားတာ နင်ပြန်ပေးဆပ်ဖို့ပြင်ထား''

ချောမောလှပသည့် သူ့မျက်နှာနှင့် မလိုက်ဖက်အောင် အကျည်းတန်စွာ ဒေါသထွက်နေသည်မှာ
ကြောက်မက်ဖွယ်....။

ဆောင်းဟွန်းမှာတော့ ဟီဆွန်းအတင်းခေါ်လာတာကြောင့် မနက်စာစားရန် ကြယ်ငါးလုံးအဆင့်ရှိဟော်တယ်ရဲ့ မိုးမြင့်အထပ်မှာထိုင်နေရသည်။

''မနက်စာစားရုံလေးပဲကို အဲလောက်မလိုပါဘူးခင်ဗျားရယ်....''

''ကိုယ်ကမင်းကိုကောင်းကောင်းလေးစားစေချင်လို့ပါ''

''ခင်ဗျားကအရမ်းချမ်းသာနေတော့လဲ စိတ်ချမ်းသာအောင်စားပေးရတာပေါ့ ဟွန်း''

''အိုးးကိုယ်ကမချမ်းသာပါဘူးကွာ
ပုံမှန်ပါပဲ''

''လျှာရိုးမရှိတိုင်းလျှောက်ပြောမနေနဲ့
ခင်ဗျားနာမည်ရိုက်ရှာလိုက်ရင် ခင်ဗျားပိုင်ဆိုင်မှုတွေ တသီတစ်တန်းကြီးထွက်ခဲ့လိမ့်မယ်''

ဆောင်းဟွန်းပြောပြီးတာနဲ့ ဖုန်းကိုကောက်ကိုင်ကာ လာချပေးသွားတဲ့luxury breakfastပုံကို မှတ်တမ်းတင်တော့သည်။

သူ သည်ဘဝမှာရော အရင်ဘဝမှာပါ ဒါမျိုးမစားဖူးဘူး။
သေချာပေါက် မှတ်တမ်းတင်ထားရမယ်။

''ကျွန်တော့ကိုပုံ ရိုက်ပေးအုံး လှလှလေးနော်''

ဆောင်းဟွန်းမှာပြောရင်းဆိုရင်း အီသန်ချထားသည့် sunglassကိုလဲ ကောက်တပ်လိုက်သေးသည်။

''အနုကြမ်းစီးနေတာ ပတ်ဆောင်းဟွန်းလေးက''

အီသန်လဲ ပဲများနေသည့် မင်းသမီးလေးစိတ်ချမ်းသာအောင် ရိုက်ပေးလိုက်ရသည်။

''အွန်း မဆိုးဘူး
အီသန်ပုံရိုက်တာတော်တယ်''

''တော်ရင် ကိုယ့်ကိုခေါ်ထားလိုက်လေ
မင်းရဲ့ personal photographerလုပ်ပေးမယ်''

ငါ့ယောကျာ်းက အာဏာရှင်တဲ့(Heehoon)Where stories live. Discover now