Unicode.."ဘာ! မဖြစ်နိုင်တာအမေရာ သားလက်မခံဘူး"
"ဂျောင်ဂု နင်ဘာဖြစ်စေချင်နေတာလဲ
နင်ကောင်းဖို့လုပ်နေတာကြီးပဲ ""ကျွန်တော်ကောင်းဖို့ဟုတ်လား ယောကျာ်းလေး
တစ်ယောက်နဲ့လက်ထပ်ရတာ ကျွန်တော်ကောင်းဖို့လား
ကျွန်တော်မှာချစ်တဲ့သူရှိတယ် သူကိုမယူနိုင်ဘူး""လီယူနာနဲ့ နင်ကိုငါသဘောမတူဘူးလို့ငါပြောထားပြီးသား
မင်း ကင်ဆော့ဂျင်ကိုပဲလက်ထပ်ရမယ် ""ကျွန်တော်ယောကျာ်လေးချင်းသဘောကျတဲ့သူမဟုတ်ဘူး"
"ဂျောင်ဂုငါနင်ကိုနောက်ဆုံးမေးမယ် လက်ခံမှာလား လက်မခံဘူးလား"
"ကျွန်တော်လက်မခံဘူး"
"အေကောင်းပြီ အဲ့ဆိုလည်းငါ့ဆုံးဖြတ်ချက်ကိုနားထောင်
ဒီအိမ်မှာ နင်လက်ထပ်ပွဲကျင်းပမလား ငါဈာပနာအခမ်းနားကျင်းပမလားဆိုတာ""အမေ!! ဟာကွာ ကျစ်"
ဂျောင်ဂု စိတ်ရှုပ်စွာနဲ့ ဆံပင်တွေကိုဆွဲလိုက်တယ်
ဖခင်မရှိတော့နောက်ပိုင်း အမေကပဲ
ဂရုစိုက်ခဲ့တာ ငယ်ငယ်ထဲကနေ
အခုထိသူ အမေစကားကိုမငြင်းပယ်ဖူးဘူး ဒါမဲ့အခုကိစ္စကတော့ သူ့ဘ၀တစ်ခုလုံးနဲ့ဆိုင်နေပြီသူမ ယူနာကို သဘောမကျတာသိပေမယ့် အခုလို
သူတို့စကားများထားတဲ့အချိန်မှာ တခြားတစ်ယောက်နဲ့လက်ထပ်ပေးတာကတော့ မဟုတ်သေးပါဘူး ပြီးတော့ကင်ဆော့ဂျင်နဲ့ သူငြင်းခဲ့တယ့်သူလေ...."ပြီးရောဗျာ အမေသဘောပဲ လုပ်ချင်တာလုပ်ကြတော့"
ဂျွန်ဆိုဟီး သူမကိုပြောပြီး ဒေါနဲ့မောနဲ့
အပေါ်ထပ်တတ်သွားတဲ့ သားဖြစ်သူကိုကြည့်ပြီး မျက်ရည်တွေဝဲမိတယ် တောင်းပန်ပါတယ်သားရယ်ဂျောင်ဂုရဲ့ကောင်မလေးက သားဖြစ်သူမသိအောင် နောက်ကွယ်မှာဖောက်ပြန်နေတာ သူနဲ့တွေ့ပြီးလမ်းခွဲဖို့ပြောသော်လည်း
"ဒီမှာအန်တီ ဂျောင်ဂုကသာ ကျွန်မကိုအရူးအမူးချစ်နေတာ
ကျွန်မဘက်ကလမ်းခွဲပေးတော့ကော ဂျောင်ဂုကငြိမ်နေမယ်ထင်လား ဟားဟား"
YOU ARE READING
အချစ်လား....သူပေါ့
FanfictionJk- မောင်မင်းကို အရမ်းချစ်တယ် ဂျွန်ဆော့ဂျင် Jin- အွန်း ငါယုံတယ်မောင်