Part-6

952 99 24
                                    

Unicode..

ဆော့ဂျင် နာကျင်မှုဒဏ်ကြောင့်
ပြိုလဲချင်ပေမယ့် သူတောင့်ခံထားတယ်
သူလဲလို့မဖြစ်ဘူးမလား ဂျောင်ဂုစိတ်ပျက်သွားလိမ့်မယ်။

ဖန်ကွဲစပေါ် အချိန်ကြာဒူးထောက်ထားရတာကြောင့်
သွေးတွေဟာလည်း အဆက်မပြတ်ထွက်နေ

"ဆော့ဂျင် မင်းရင်ထဲက ဒဏ်ရာက ဒီနာကျင်မှုနဲ့ယှဉ်ရင် အ‌သေးမွှားလေးမို့ မင်းခံနိုင်တယ်..... "

သူကိုယ်သူအားပေးစကားပြောပြီး နာကျင်မှုကို
အံ့တုနေရတယ် ထိုအချိန်အခန်းတံခါးပွင့်လာတော့
သူလည်းမော့လိုက်တဲ့အချိန် သူကိုငုတ်ကြည့်နေတဲ့
ဂျောင်ဂုနဲ့ အကြည့်ချင်းဆုံမိတယ်

အိမ်နေရင်း တီရှပ်အပွကို ဒူးထက်ဘောင်းဘီနဲ့
၀တ်ထားပုံက ပေါ့ပေါ့ပါးပါးနဲ့ကြည့်ကောင်းလှသည်။
မေရိုးထင်းထင်းနဲ့ဂျောင်ဂုဟာ ဆွဲဆောင်မှုရှိတာထက်ပိုတယ်
သူဘယ်လောက်တောင်ငေးနေမိလဲဆို ဂျောင်ဂုအသံကြား
မှ သတိ၀င်လာခဲ့တယ်

"ခင်ဗျား ထလို့ရပြီ.."

"အ! အား...."

သူလည်းထလိုက်တော့ အချိန်အကြာကြီး
ဒူးထောက်ထားတဲ့အရှိန်ကြောင့် ပြန်ခွေကျတော့ဖန်ကွဲစ‌အပေါ် အားနဲ့‌ပြုတ်ကျတာကြောင့် အော်မိသွားတယ်
သူပြုတ်ကျတာတောင် ပြုံးပြီးကြည့်နေတယ့်ဂျောင်ဂု
ကြောင့် စိတ်မကောင်းဖြစ်မိသည်။
သူလည်း ရအောင်ကြိုးစားပြီးထလိုက်တော့

"ခင်ဗျားက ဟန်ဆောင်လည်းကောင်းတယ်နော်
သရုပ်ဆောင်လုပ်သင့်တာ ဟားဟား"

"ငါနာကျင်နေတာက မင်းအတွက် ဟန်ဆောင်မှုလား.."

"မဟုတ်လို့လား ဒါလေးတောင်မခံနိုင်ရအောင် ခင်ဗျားက
အားမရှိတဲ့လူလား"

ဆော့ဂျင် ဆက်ပြောရင်လည်း သူကိုလှောင်မယ်ဆိုတာကြောင့် မပြောပဲ အခန်းအပြင်ထွက်ရန်ပြင်တော့

"ဘာလဲ ‌မပြောနိုင်တော့ဘူးပေါ့.. အေးပေါ့လေ အလိမ်ညာတွေပဲ ဟက်! "

"ဂျောင်ဂု မင်းမယုံပေမယ့် ငါထပ်ပြောမယ် ငါမင်းအပေါ်လိမ်ခဲ့တာ တစ်ခုမှမရှိဘူး"

အချစ်လား....သူပေါ့Where stories live. Discover now