Part -11

1.3K 100 43
                                    

Unicode...

သူ့နှုတ်ခမ်းတစ်လွှာချင်းကို ညင်သာစွာ စုပ်ယူနမ်းရှိုက်နေခဲ့သူဟာ ဂျောင်ဂုဆိုတဲ့ အသိကြောင့် ရင်တွေအဆက်မပြတ်
ခုန်နေခဲ့ရသလို ပြန်တုန့်မို့ကိုပင်မေ့လျှော့နေခဲ့သည်။
သူ့ဆီက တုံပြန်မှုကိုမရတာကြောင့် အောက်နှုတ်ခမ်းထူထူကို
ဖွဖွလေးကိုက်လာခဲ့တဲ့ဂျောင်ဂု။ ထိုအခါမှ သူလည်း
အသိစိတ်လွတ်နေသူတစ်ယောက်လို ဖြစ်နေရာမှ
အသိ၀င်ပြီး ပြန်လည် တုံပြန့်မိ၏။ အချိန်အတော်ကြာ ‌အပေါ်နှုတ်ခမ်းကို တစ်လှည့် အောက်နှုတ်ခမ်းကို တစ်လှည့်နမ်းရှိုက်နေသူ ဂျောင်ဂုကြောင့် အသက်ရှုပင်မဝတော့ချေ။
သူ့အသက်ရှုသံ မူမမှန်လာတာကို သတိထားမိတယ့် ဂျောင်ဂုဟာ နှုတ်ခမ်းတစ်စုံကို လွှတ်ပေးလာခဲ့သည်။ ထိုအခါမှ သူလည်း အသက်ကို၀၀ ရှုရတော့တယ်။

"ဟို..ဟို အဆင်ပြေရဲ့လား တောင်းပန်ပါတယ် ကျွန်တော် စိတ်မထိန်းနိုင်ပဲ သတိလက်လွှတ်ဖြစ်သွားတယ်။

လည်ဂုတ်ကိုဖိပွတ်ပြီး မျက်နှာအနည်းငယ် နီနေတဲ့ ဂျောင်ဂုကြောင့် ရှက်နေမယ်ဆိုတာ သိလိုက်သည်။ အဲ့ဆိုသူရော
သေချာတာကတော့ အခုချိန်သူမျက်နှာကြည့်စရာမလိုဘူးခရမ်းချဉ်းသီး အဖေခေါ်ရလောက်တယ်။

"ရ..ရပါတယ်"

"ကျွန်တော် ကျွန်တော် အလုပ်မပြီးသေးလို့ ဆက်လုပ်လိုက်အုံးမယ် ဆေးသောက်ပြီးအိပ်နှင့်လိုက်တော့နော်။"

"အွန်းး......"

သူလည်းရှက်နေတာကြောင့် ‌ဂျောင်ဂုကို မကြည့်ပဲ အွန်းလို့တာ ပြောလိုက်တော့သည်။ အခုချိန်နှစ်ယောက်လုံး မျက်နှာချင်းဆိုင်ရဲမှာမဟုတ်သေးဘူး။

__________________________________

"ဂျွန်ဂျောင်ဂု မင်းဘာလုပ်ခဲ့တယ်ဆိုတာကောသိရဲ့လား
ဟမ် မင်းနမ်းခဲ့တာ ကင်ဆော့ဂျင်ကို သူကိုဘယ်လိုမျက်နှာပြမလဲ အားးး ရှက်လိုက်တာ"

အလုပ်ခန်းထဲလာပြီး တစ်ယောက်ထဲကမ္ဘာပျက်နေသူဟာ ဘယ်သူမှမဟုတ်ပါဘူး ကျွန်တော်ဆိုတဲ့ဂျောင်ဂုပဲ
ဘာလို့စိတ်မထိန်းခဲ့တာလဲ အဲ့နှုတ်ခမ်းတွေကရော
ဘာလိုအဲ့လောက်တောင်ဆွဲဆောင်မှုရှိရတာလဲ။
ထိကပ်လိုက်တယ့်အချိန် သူ့ရင်ထဲဗြောင်းဆန်ကုန်တာ သူပဲသိနိုင်တယ် နှုးညံ့ပြီး ဂျယ်လီလေးလိုပဲ......

အချစ်လား....သူပေါ့Where stories live. Discover now