Unicode..
"တီ..တီ..တီ"ဆိုတဲ့အသံကြောင့် ဆော့ဂျင်လန့်နိုးလာခဲ့တယ်
ကြည့်ရတာဂျောင်ဂုပြန်လာပြီထင်တယ်
သူလည်းအိမ်ရှေ့အမြန်ထွက်လိုက်တော့ ကားပေါ်ကနေဆင်းလာတဲ့ဂျောင်ဂုကခြေလမ်းတွေတောင်ယိုင်နေတယ်
မူးလာတယ်ထင်တယ် သူတွဲဖို့အနီးကပ်လိုက်တော့"မထိနဲ့ ခင်ဗျားကျုပ်အသားကိုထိစရာမလိုဘူး"
"ငါမင်းကို တွဲပေးဖို့ပါ"သူပြောပြီးအနားပြန်ကပ်လိုက်တော့
"မလိုဘူးလို့ ခင်ဗျားကိုပြောနေတယ်မလား ဟမ် နားမလည်ဘူးလား ကျစ်"
"အ့.."
ဂျောင်ဂုဆော့ဂျင်ကို စိတ်တိုပြီးတွန်းထုတ်လိုက်တာ
ဘေးနာမှာထားထားတဲ့ စားပွဲနဲ့တိုက်မိကြောင့်
နာကျင်စွာထွက်လာတဲ့အသံလေး"ခင်ဗျား ယောကျာ်းမဟုတ်ဘူးလား ဒီလောက်လေးထိတာကို ဖြစ်ပျက်နေရအောင်"
ဆော့ဂျင်သူ့ကိုပြောပြီး အပေါ်တတ်သွားတဲ့ဂျောင်ဂုကို မျက်ရည်အဝဲသားနဲ့လိုက်ကြည့်နေတယ်
တော်ပြီဆော့ဂျင် ဒီထက်ဆိုးတာတွေတောင် လာနိုင်တာမို့ အားတင်းထား သူကိုယ်သူအားပေးပြီး အပေါ်ထပ်ကသူတို့အခန်းလေးဆီသို့
အခန်းထဲရောက်တော့ အိပ်ရာပေါ်မှောက်ယက်လဲနေတဲ့
ဂျောင်ဂုအနားကိုသွားပြီး ဖြေးဖြေးချင်းဆွဲလှည့်လိုက်တယ် ဖိနပ်နဲ့ခြေအိတ်ချွတ်ပြီးသွားတော့ နက်ကတိုင်လေးကိုပါချွတ်ပေးလိုက်တယ်အကျီချွတ်ပေးဖို့လုပ်တော့ ဂျောင်ဂုလှုပ်လာကြောင့်
သူလည်း မလှုပ်ရဲလို့ စောင်လေးပဲခြုံထားပေးလိုက်တယ်ပြီးတော့သူလည်း ကုတင်ခြေရင်းဘက်မှာထား ထားတဲ့ဆိုဖာပေါ်မှာပဲအိပ်ဖို့လုပ်လိုက်တော့တယ်။
____________________________________
မနက်ခင်းရဲ့နေရောင်ခြည်က ခန်းစီးလိုက်ကာကနေမှတစ်ဆင့်အခန်းထဲသို့ဖြာကျနေတယ်
ကုတင်ပေါ်မှ ဂျောင်ဂုလည်း နေရောင်ကြောင့်
နိုးလာခဲ့တယ်သူမနေ့ကဘယ်လောက်တောင် သောက်မိလဲမသိဘူး
စိတ်တိုပြီး Barမှာ မှောက်သွားအောင်သောက်ချင်ပေမယ့်
ကားမောင်းရမယ်ဆိုတဲ့အသိကြောင့် သူပြန်ထိမ်းခဲ့ရတယ်
အိမ်ပြန်လာတော့လည်း ကင်ဆော့ဂျင်ကိုတွေ့ပြန်တော့
တစ်ဖန် စိတ်တိုမိပြန်တယ်.....
YOU ARE READING
အချစ်လား....သူပေါ့
FanfictionJk- မောင်မင်းကို အရမ်းချစ်တယ် ဂျွန်ဆော့ဂျင် Jin- အွန်း ငါယုံတယ်မောင်