Part-12

1.4K 99 29
                                    

Unicode..

မနက်စာစားနေရင်း ငြိမ်နေတဲ့သူ့ကို
ဂျောင်ဂု သတိထားမိကာ

‌"ဆော့ဂျင် ဘာဖြစ်လို့လဲ စားရတာအဆင်မပြေဘူးလား"

"မဟုတ်ပါဘူး ဒီတိုင်း "

"အော်~ ကျွန်တော်ဒီနေ့နောက်ကျဖို့ရှိတယ်
အဲ့တာကျွန်တော်ကိုစောင့်မနေဘဲ အိပ်တော့ "

"ဘာ..ဘာဖြစ်လို့နောက်ကျမှာလဲဟင်~"

အသံတိုးတိုး‌လေးနဲ့မေးလာတဲ့‌
ဆော့ဂျင်ဟာ အခုထိသူ့ပေါ် ‌မယုံကြည်သေးသလို
မဝံမရဲလေးဖြစ်နေသည်။

"နိုင်ငံခြားက ဧည့်သည်တစ်ယောက်လာမှာမို့ အဲ့တာ
သူ့ကိုကြိုပြီး တည်းဖို့နေရာစီစဉ်ပေးရမှာ "

"နိုင်..နိုင်ငံခြားက "

ငါထင်နေတယ့်အတိုင်း
တကယ်ဖြစ်တော့မှာလား လီယူနာက
ပြန်ရောက်လာပြီလား ။ အဲ့ဆိုဂျောင်ဂုကရော
ဒီရက်ပိုင်းငါ့ပေါ်ကောင်းပေးနေတာ
ငါ့ကို မမုန်းတော့လို့မဟုတ်ဘဲ
လီယူနာပြန်လာရင် ကွာရှင်းခိုင်းဖို့လား

"ဆော့ဂျင်..ဆော့ဂျင်..ဂျွန်ဆော့ဂျင် "

သူ့ပခုံးကိုကိုင်ကာ လှုပ်ပြီးခေါ်နေတယ့်
ဂျောင်ဂုကြောင့် သူအတွေးကမ္ဘာထဲက
ပြန်ထွက်လာခဲ့ရသည် ။ ထို့ပြင်
စိတ်မရှည်တတ်တဲ့ဂျောင်ဂုဟာလည်း
သူကို မျက်မှောင်ကြီးကျုံကာ ကြည့်နေသည် ။

"ဘာတွေဒီလောက်တောင်အတွေးလွန်နေလို့ ခေါ်မကြား
အော်မကြား ဖြစ်နေတာလဲဟမ် "

"ဘာမှမဟုတ်ဘူး "

ကင်ဆော့ဂျင်က ဘာဖြစ်နေတာလဲ
မုန့်စားတော့လည်း မုန့်ပန်းကန်ကို
ကြည့်ပြီး အတွေးလွန်နေတယ် ။
အခုစကားပြောနေတော့လည်း တစ်ယာက်ထဲ
အတွေးတွေလွန်နေတယ် မေးလဲ ဘာမှမဖြစ်ဘူး
ပြောနေတာကြောင့် သက်ပြင်းတစ်ချက်ချကာ

"ဟူး~ ထားပါ ကျွန်တော်သွားတော့မယ် "

"အင်း~ "

ဂျောင်ဂုထွက်သွားပြီး အတော်ကြာတဲ့
အထိသူ အဲ့နေရာမှ ထိုင်နေတုန်း
သူမတွေးပဲနေလဲ လီယူနာပြန်လာပြီးလား
ဂျောင်ဂုကသူကို ကွာရှင်းတော့မှာလား
ဆိုတဲ့အတွေးတာ နေရာယူနေသည် ။

အချစ်လား....သူပေါ့Where stories live. Discover now