Part-3

676 77 15
                                    

Unicode..

လက်ထပ်ပွဲနေ့
ဆိုးလ်မြို့ရဲ့နာမည်ကြီး ဟိုတယ်တစ်ခုတွင်
ခမ်းခမ်းနားနားကျင်းပနေသော လက်ထပ်ပွဲလေး

Jeon Groupရဲ့ ceo လက်ထပ်ပွဲဖြစ်သာကြောင့်
သတင်းသမားတွေကလဲ အလုအယက် ဓာတ်ပုံတွေရိုက်
မှတ်တမ်း‌တွေတင်နေကြတယ်

လျှော်လမ်းတစ်လျှော်မှာ အလှဆင်ထားတဲ့ပန်းလေးတွေကလည်း ရင်သပ်ရူမောဖွယ်ဖြစ်အောင်ကိုလှပနေတယ်

ခန်းမရဲ့ အလယ်‌တွင်ရပ်နေတဲ့ သတို့သားနှစ်ယောက်မှာတော့
တစ်ယောက်ကပျော်နေသလောက် နောက်တစ်ယောက်ကတော့ အရယ်အပြုံးမရှိပဲ တည်ငြိမ်နေတယ်

ဂျောင်ဂု သူ့ဘ၀ရဲ့‌အရေးကြီးဆုံးအချိန်မှာတောင် မပျော်ရွင်
နိုင်ဘူး ဒီနေ့ပြီးသွားရင် သူဟာအိမ်ထောင်သည်တစ်‌ယောက်ဖြစ်ပြီ ယူနာဒီသတင်းကို မြင်ပြီးငိုနေမလား မဟုတ်ရင်
သူကိုမုန်းသွားမလား တောင်းပန်ပါတယ်

သူဘယ်လောက်တောင်အတွေးလွန်သွားလဲဆို ဖာတာရဲ့အသံကြားမှ သတိပြန်၀င်လာခဲ့တယ်

"သတို့သားဂျွန်ဂျောင်ဂုသည် သတို့သားကင်ဆော့ဂျင်အား
အေးတူပူမျှ သစ္စာရှိရှိ ပေါင်းသင်းဖို့သဘောတူပါသလား"

"ဟုတ်..ဟုတ်ကဲ့ သဘောတူပါတယ်"

"သတို့သားကင်ဆော့ဂျင်သည် သတို့သားဂျွန်ဂျောင်ဂုအား
အေးတူပူမျှ သစ္စာရှိရှိ ပေါင်းသင်းဖို့သဘောတူပါသလား"

"ဟုတ်ကဲ့ ကျွန်တော်သဘောတူပါတယ်"

"သတို့သားနှစ်ယောက် အနမ်းပေးနိုင်ပါပြီ....."

ဖာတာစကားအဆုံး သူရှေ့တိုးလာတဲ့လူသားကြောင့်
သူရင်ခုန်သံတွေဟာ ထိနမရသိမ်းမရ
သူ့နှုတ်ခမ်းကို လာထိတဲ့နှုတ်ခမ်းပါးပါးလေးကြောင့် သူပျော်နေပေမယ့် နား အနားမှကပ်ပြောသွားတဲ့စကားကြောင့်
သူမျက်နှာပေါ်က အပြုံးတွေဟာပျောက်ကွယ်သွားရတယ်

"ဒီနေ့တစ်ရက်တော့ အ၀ပျော်ထားလိုက်ပါ ဘာလို့ဆို
ခင်ဗျားဆီ မနက်ဖြန်ကစပြီး ၀မ်နည်းစရာတွေပဲရောက်လာမှာမို့"

ဂျောင်ဂု ဖာတာစကားကြောင့် အရှေ့တိုးသွားတော့ မျက်လုံးကို အတင်းမျက်ထားတဲ့လူသား နှုတ်ခမ်းကိုဖိကပ်လိုက်တော့
နှုးညံမှုကို ခံစားရတယ် သူလည်းနမ်းလိုက်ပြီးနားအနားကို သူပြောချင်တာတွေကိုပြောလိုက်တယ်

အချစ်လား....သူပေါ့Where stories live. Discover now